ဘဝတစ်ခုလုံးကို သူ့အပြုအမူ
သူ့စကားတွေနဲ့ ပိတ်မိအောင်
ပြုမူခဲ့ပြီးမှ ...
သူမရှိရင်မဖြစ်တော့သည်အထိ
ပြုစားခဲ့ပြီးမှ ...
ဘဝတစ်ခုလုံးထဲကို တိုးဝင်ခဲ့ပြီးမှ
ဘာကြောင့်ခြေရာလက်ရာတောင် မချန်ဘဲ
ထွက်သွားနိုင်ခဲ့တာ
ဘာလို့လဲ.. ဘာလို့လဲလို့... ?........
" ချစ်တယ် "
သူ့ရင်ခွင်ထဲကနေ ခေါင်းမော့လို့
ကျွန်မမျက်ဝန်းတွေကို သူ့မျက်ဝန်းဆီ
အရောက်ပို့လိုက်ရင်း ပြောမိလိုက်တဲ့ စကားတစ်ခွန်း။သူ့ရင်ခွင်ထဲမှာ ကျွန်မခိုဝင်နေခဲ့မိတာ
အချိန်အားဖြင့် တစ်နာရီနီပါးကြာသွားပြီထင်တာပဲ ။
တစ်နာရီအတွင်းမှာ စပြောမိတဲ့ စကားတစ်ခွန်းက
'ချစ်တယ် ' ဆိုတဲ့ စကားတစ်ခွန်း ။တစ်ခုခု အဆင်မပြေတိုင်း သူ့ရင်ခွင်ထဲ
ခိုဝင်လေ့ရှိတယ် ။ သူ့ရင်ခွင်ထဲ
ခိုဝင်လိုက်ရရင် အရာအားလုံးအဆင်ပြေသွားတယ်
ထင်ရလို့... ။
အဲ့လိုချိန်ဆို သူက နွေးထွေးတဲ့ ပွေ့ဖက်မှုတွေနဲ့
ပွေ့ဖက်ပေးထားတတ်တယ် ။
သူ့ကို သဘောကျရတဲ့အထဲမှာ အဲ့လိုနွေးထွေးမှုတွေ
လည်း ပါတယ်လေ ။" အင်း... "
သူပြောလာတဲ့ စကားက 'အင်း ' တစ်လုံးတည်း ။
ဒါပေမယ့်လည်း အဆင်ပြေပါတယ် ။
ကျွန်မ ချစ်တယ်ပြောတိုင်း သူက
အင်းတစ်လုံးတည်း ပြန်ဖြေတတ်နေကျလေ ။ကျွန်မခန္ဓာကိုယ်ကို သွယ်ယှက်ထားတဲ့
သူ့လက်နှစ်ဖက်ကို ဖြေလျော့ပေးလာပြီး ။" ဗိုက်ဆာတယ် " ဆိုတဲ့ နောက်ထပ်စကားတစ်ခွန်းကို ဆိုလာတယ် ။
သူ့ခါးတွေကို ဖက်တွယ်ထားတဲ့ ကျွန်မလက်တွေကို
လွတ်လပ်ခွင့် မပေးသေးဘဲ
သူ့ခါးတွေကို ခပ်တင်းတင်းပြန်ဖက်ရင်း
သူ့ရင်ညွန့်နား ကျွန်မမျက်နှာအပ်ကာ
အနမ်းတွေကို ခပ်ဖွဖွပေးတော့
သူက ငြိမ်သက်စွာ ခံယူတယ် ။
အနမ်းတွေကို အားရအောင်နမ်းပြီးမှ
သူ့မျက်နှာဆီ မော့ကြည့်လိုက်ပြီး" ဘာစားချင်လဲ.. ဘေဘီ ချက်ကျွေးမယ်လေ "
ကျွန်မအမေးစကားကို သူက
မျက်ခုံးတစ်ချက်ကွေး စဥ်းစားပြီး မှ
YOU ARE READING
Rubylili (one shot collections)
Short Storyရူဘီ့ဘယ်ဘက်လက်ဖဝါးပေါ်ကမှဲ့ကလေးကိုတယုတယ နမ်းရှိုက်ချင်ရဲ့ 🖤