Daisy

421 38 2
                                    

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို မျိုသိပ်ပစ်ပြီး နှလုံးသားထဲ သိမ်းဆည်းခဲ့မိတာ အမှားတစ်ခု ဖြစ်ခဲ့ပြီလားဆိုတဲ့ အတွေးမျိုး လီဆာ ခဏခဏ တွေးမိပါသည်။

သူ့ကို ချစ်တယ်လို့ မဖွင့်ပြောခဲ့ပေမယ့်
သူ့ကို ချစ်နေကြောင်းကို မသိမသာရော သိသိသာသာပါ ပြခဲ့ပါသည်။
လီဆာက ချစ်ကြောင်းကို ပြတတ်တဲ့ ကောင်မလေးလေ။

"လီလီ ငါသူနဲ့တွဲလိုက်ပြီ" ဆိုတဲ့ ရူဘီရဲ့ ပြုံးပျော်နေတဲ့ စကားသံဟာ လီဆာ့ခြေလှမ်းတွေကို နောက်ဆုတ်စေခဲ့ပါတယ်။

အဲ့နေ့က ရူဘီကို ချစ်နေကြောင်းဖွင့်ပြောဖို့ မှန်ရှေ့မှာ ခဏခဏ လေ့ကျင့်ခဲ့ပြီး ရူဘီအတွက် ကျူးလစ်အဝါတွေကို ပန်းဆိုင်မှာ  ဝယ်ခဲ့ပါ‌သည်။
ရူဘီကို အမြဲပျော်နေစေချင်ပြီး အမြဲချစ်နေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လေ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ထိုနေ့က သူတခြားလူတစ်ယောက်ကို ချစ်နေပြီဆိုတဲ့အကြောင်းပါသိခဲ့ရသည်လေ။

သူငယ်ချင်း ....
သူငယ်ချင်းဆိုတာ ဘယ်ချိန်ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်မှာရှိနေပြီး ကိုယ့်ဘေးမှာ အမြဲရှိနေ‌မယ့်သူတဲ့။

လီဆာနဲ့ ရူဘီဟာ သူငယ်ချင်းဖြစ်လာတာ ဟိုးသုံးနှစ်အရွယ်ကတည်းကလေ။

သူငယ်ချင်းအဖြစ်နှစ်ပေါင်းများစွာတည်ရှိနေခဲ့သည်။

လီဆာ့အတွက်လည်း ရူဘီကို ချစ်နေမိတာ သူငယ်ချင်းသံယောဇဉ်ကြောင့်လားဆိုတာ
ဝေခွဲမရဖြစ်တဲ့အချိန်တွေလည်း ရှိခဲ့ပါသည်။
သို့ပေမယ့် လီဆာ ရူဘီကို ချစ်တာက သူငယ်ချင်းတစ်ယောက်ထက်များစွာပိုပါသည်။

"လီလီ ငါ့ဆီ လာပါလား" ဆိုတဲ့ ဖုန်းထဲက စကားတစ်ခွန်းကြောင့် လက်ရှိလုပ်နေတဲ့ အလုပ်မှန်သမျှပစ်ထာပြီး ရူဘီရှိရာသို့ အပြေးလာခဲ့သည်။

အရက်သောက်ရတာမကြိုက်တဲ့ ရူဘီက
ခုတစ်လော အရက်ခဏခဏသောက်သည်။
ဆိုဂျူး နှစ်ပုလင်း သုံးပုလင်းလောက် သောက်ပြီးတဲ့ အချိန်ဆို လီဆာဆီ ဖုန်းဆက်ပြီး သူ့ဆီလာခဲ့ဖို့ အမြဲခေါ်တတ်တဲ့ သူငယ်ချင်း‌လေး။
ရူဘီအမြဲပြောတတ်တာက လီဆာက သူ့အတွက်တော့ သူငယ်ချင်းကောင်းတဲ့လေ။

You've reached the end of published parts.

⏰ Last updated: Jan 25 ⏰

Add this story to your Library to get notified about new parts!

Rubylili (one shot collections)Where stories live. Discover now