Couldn't imagine future without you

943 81 4
                                    

ဘယ်လိုလုပ်ရမလဲ
ရှင်မပါဝင်တော့မယ့် ကျွန်မရဲ့အနာဂတ်ကို
ပုံဖော်ကြည့်လို့တောင်မရတော့ဘူး...။

.....

" မောင်..ရောက်တော့မှာလားဟင်
ဒီမှာနီနီစောင့်နေတာကြာနေပြီမောင်ရဲ့"

" အင်းမောင်ရောက်တော့မယ်နီနီ "

" မောင့်အတွက်suprise တစ်ခုရှိတယ်
မောင့်ကိုပြောပြဖို့မစောင့်နိုင်တော့ဘူး.. ဟီးဟီး
ကားကိုဖြေးဖြေးမောင်းခဲ့နော်မောင်"

ဒီတစ်ခါမောင်အလုပ်ခရီးသွားရတာ တစ်ပတ်တိတိကြာခဲ့သည်။
ဒီတစ်ပတ်အတွင်းမှာ အံ့သြစရာတွေကြုံတွေ့ခဲ့ရသည်။ ဂျဲနီအတွက်တော့ပျော်စရာပင်။

ဆိုင်ထဲသို့မောင်ရောက်လာမယ့်အချိန်ကိုဂျဲနီ
စိတ်လှုပ်ရှားစွာ စောင့်စားနေခဲ့သည်။
ဟော...ရောက်လာပါပြီ ဂျဲနီရဲ့မောင်။
မောင် မြင်သာအောင် လက်ပြလိုက်တော့
မောင်က ဂျဲနီကိုမြင်သွားပြီး ယဲ့ယဲ့လေးပြုံးပြကာ
ဂျဲနီရှိရာသို့ ဦးတည်လာခဲ့သည်။

ဒီတစ်ခါခရီးက ပြန်လာတာ မောင်ပင်ပန်းလာပုံရသည်။
ညှိုးငယ်နေတဲ့ မျက်နှာက ဂျဲနီရဲ့ စိတ်ကိုတုန်လှုပ်စေသည်။ မောင်က အမြဲတက်ကြွနေတတ်တဲ့လူစားမျိုးမလား ။ မောင်လည်းသိပါတယ် ဂျဲနီက မောင့်မျက်နှာ အရိပ်အကဲကိုပဲ ကြည့်ပြီး နေထိုင်ခဲ့သူမလား။

မောင်က ဂျဲနီရှေ့က မျက်နှာချင်းဆိုင်ထိုင်ခုံမှာညှိုးငယ်စွာဝင်ထိုင်သည်။ ကြီးကြီးမားမားအပြစ်လုပ်ထားတဲ့မျက်နှာမျိုးနဲ့ ။

" မောင်ဒီတစ်ခါခရီးက အရမ်းပင်ပန်းခဲ့တာလားဟင်.."

မောင်က ရေခွက်ကို တစ်ငုံယူသောက်လိုက်ရင်း
" အင်း..."
လေးတွဲ့နေတဲ့ မောင့်အသံက

တုန်လှုပ်သွားရသည်။

" မောင်..ဆူးကို လက်ထပ်မှဖြစ်တော့မယ် "

ဂျဲနီအတွေးတွေက လှုပ်ရှားသွားလျက်

" ဆူး...ဆူးဟုတ်လား... မောင်နဲ့အလုပ်ခရီးသွားနေကျ တစ်ယောက်လား...မောင်နီနီကိုစ နေတာလား
အဲ့လိုမျိုးတော့ မစ ပါနဲ့လားမောင်ရယ်"

Rubylili (one shot collections)Donde viven las historias. Descúbrelo ahora