To clouds, I do Love you (Unicode )

3.5K 183 6
                                    

[one shot ]

Unicode

☁☁☁☁☁

လူ​တွေ​သေရင်​ တိမ်​ဖြစ်​သွားကြတာတဲ့ ...

ုကျွန်​မအရမ်းချစ်​ရတဲ့​ကောင်​မ​လေးတစ်​​ယောက်​ ​ကပြောခဲ့ဖူးသလိုပဲ ...။

ကမ္ဘာ​ပေါ်က ​ကောင်းကင်​ကြီးမှာ တိမ်​တိုက်​​တွေ ရှိ​နေသ၍
သူဟာ ကျွန်​မ ဘဝထဲမှာ အမြဲတမ်းထာဝရ ရှင်​သန်​​နေ​တော့မှာပါ ...။

.......

​ဒီ​နေ့လည်း ​တောင်​တက်​ခဲ့မိတယ်​ ..သူ့ကို အရမ်းလွမ်း​နေလို့​လေ ..​နေုတိုင်း​​လွမ်း​​ပေမယ့် ...ဒီ​နေ့က
ထူးထူးခြားခြား လွမ်း​နေတာနဲ့ ...

အ​ဝေးကကြည့်ရင်​ ​ကောင်းကင်​ကတိမ်​​တွေက
​တောင်​​တွေနဲ့ နီးနီးကပ်​ကပ်​ ရှိ​နေကြ​လေ

ဒါ​ကြောင့် တိမ်​​တွေနဲ့အနီးဆုံးရှိတဲ့ ​တောင်​​တွေဆီ
ထွက်​လာမိတာ​နေမှာ ။
နည်းနည်း​လောက်​​လေးဖြစ်​ဖြစ်​ နီးကပ်​ခွင့်ရရင်​ဖြစ်​ဖြစ်​​ပေါ့
​ အ​ငွေ့အသက်​​လေးနည်းနည်း​ဖြစ်​ဖြစ်​ ရချင်​လို့​လေ
အဆင်​​ပြေ​ပြေရှိ​နေတယ်​မဟုတ်​လား ..
က်ိုယ်​အဆင်​မ​ပြေဘူး ..သတိရတယ်​​ပြောရင်​
စိတ်​ပူ​နေမလားဟင်​ ..။

ကိုယ်​မင်းကို ဒီ​နေ့ အရမ်းသတိရ​နေတယ်​ ​...​ဂျေ ။

သူဟာတိမ်​တိုက်​​လေးပါပဲ
က်ို​ယ့်မှာ ​ငေးကြည့်ရုံနဲ့ပဲ ​ကျေနပ်​​နေမိတာ
ဘယ်​​လောက်​ချစ်​ချစ်​ ..ဘယ်​​လောက်​မြတ်​နိုး
ဆုပ်​ကိုင်​ထားပိုင်​ခွင့်မရှိ​တော့တဲ့ ဘဝပဲ ။

အ​ကြောင်းပြချက်​မရှိ တိမ်​​တွေ​ကို​ငေး
အ​ကြောင်းပြချက်​မရှိ စကား​တွေ​ပြော​နေမိ​တော့တာပဲ။

"ကိုယ်​အများဆုံး​တွေးဖြစ်​တဲ့ အ​တွေး​တွေဟာ
မင်းအ​ကြောင်း​တွေပဲ ဖြစ်​လိမ့်မယ်​....​ဂျေ "

တိမ်​​တွေကို သ​ဘောကျတဲ့ ​ကောင်​မ​လေးက

'တိမ်​ဖြူလုံး​လေး ' လို့​ခေါ်ရင်​​ မကြိုက်​ဘူးတဲ့​လေ

တိမ်​​တွေကို​ငေးကြည့်ရင်း ​ပြောလိုက်​မိတာက

" အရမ်းလွမ်းတယ်​ ...တိမ်​ဖြူလုံး​လေး​ရေ "

Rubylili (one shot collections)Donde viven las historias. Descúbrelo ahora