Sweet liar (unicode)

1K 95 8
                                    


သိပ်ချစ်တာမို့ အရမ်းချစ်မိသွားတာမို့
မလိမ်ညာသင့်မှန်း ကြိုသိခဲ့ပေမယ့်
ကျေးဇူးပြု၍ ခွင့်လွှတ်ပေးနိုင်မလား... ။

အရာအားလုံးလိမ်ညာခဲ့ရင်​တောင်
အချစ်ကတော့ တကယ်စစ်မှန်ခဲ့တာပါ ။

-

vintage ဆန်ဆန် ညိုမှိုင်းမှိုင်း ကော်ဖီဆိုင်လေးကို
ဒီရက်ပိုင်း လီဆာ ခဏခဏရောက်ဖြစ်နေသည်။

တစ်ပတ်မှာ နှစ်ခါ သုံးခါလောက်ရောက်ဖြစ်သည် ။

ဆိုင်အပြင်အဆင်လေးကိုလည်း
လီဆာသဘောကျသည်။

ပြီးတော့ ကောင်မလေးတစ်ယောက်ရဲ့
လှုပ်ရှားနေပုံကိုလည်း ကြည့်ရတာ ပိုကြိုက်သည်။

လီဆာ သူမကို လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက
တွေ့ခဲ့ဖူးသည် ။ သူမကတော့ လီဆာကို
မှတ်မိပုံမရ ။သူမက လီဆာ နှလုံးသားကို ခိုးယူသွားခဲ့တဲ့သူလေ ။

" ဒီနေ့လည်း ရောက်လာပြန်ပြီနော်
သောက်နေကျအတိုင်း latte ပဲမလား "

ခဏ ခဏ ရောက်ဖြစ်တော့ သူမက
မှတ်မိနေပုံရသည် ။ လီဆာကို ထိုကဲ့သို့ စကားဆိုသည်။

" ဟုတ်ကဲ့ "

" Ok ဒါဆို ကောင်းကောင်းလေးဖျော်ပေးမယ်နော်
ခဏလေးစောင့်ပါရှင် "

ပြောပြီး သူမက ကော်ဖီသွားဖျော်လေသည်။

အရင်က တွေ့ဖူးတဲ့သူမက မျက်ဝန်းတွေ ကစ
ခပ်မှိုင်းမှိုင်း လေးလေးလံလံ ။

ခုပြန်တွေ့တော့ သူမ တက်ကြွနေတဲ့ပုံစံ မြင်ရလို့
လီဆာပျော်ရပါသည်။
သူမက လီဆာ ကို မမှတ်မိပေမယ့်လို့ပေါ့ ။

လီဆာဒီဆိုင်ကိုလာတိုင်း သူမလေး ကော်ဖီဖျော်တာကို မြင်ရမယ့်နေရာကို ရွေးပြီးထိုင်တတ်သည်။

ပြီးရင် သူမ လှုပ်ရှားနေပုံတွေကို
မသိမသာခိုးကြည့်ရတာလည်း နိဗ္ဗာန်ဘုံ။

ဆံပင်ကို ကပိုကရို ထုံးထားတတ်တဲ့ သူမ က
သိပ်ကို ချစ်စရာကောင်းသည်။

ကော်ဖီဖျော်တိုင်း ပြုံးနေတတ်တဲ့မျက်ဝန်းတွေ
ကော်ဖီဖျော်ရင်း အလိုမကျတဲ့အခါ မျက်မှောင်ကျုံ့တတ်တဲ့ ကြောင်မျက်ဝန်းလေးတွေ ။

Rubylili (one shot collections)Hikayelerin yaşadığı yer. Şimdi keşfedin