အစ်မဆီသို့...နောက်ဆုံးရေးတဲ့စာ

538 28 2
                                    

အစ်မနဲ့ အတူတူရှိခဲ့ဖူးတဲ့ မြို့ကလေးကို ကျွန်မတစ်ယောက်တည်းရောက်နေခဲ့တာ တစ်လကျော်ပြီ။
ဘယ်နေရာသွားသွား အစ်မကို သတိရမိတာပါပဲ။
ဒီမြို့ကလေးက ကျွန်မတို့နှစ်ယောက် အတူရှိခဲ့ဖူးတဲ့ မြို့ကလေး။
ခုတော့ ဒီမြို့ကလေးဆီ ပြန်ရောက်လာသူက ကျွန်မတစ်ယောက်တည်းတဲ့လေ။
အစ်မကတော့ အစ်မနေထိုင်တဲ့ မြို့ကလေးမှာ ပျော်နေတယ် မဟုတ်လား။
ဘယ်နေရာရောက်ရောက် အစ်မပျော်နေမှ ဖြစ်တယ်။ အစ်မအဆင်ပြေနေတယ်ဆိုတဲ့ သတင်းပဲကြားချင်တယ်။

အရင်အပတ်က အစ်မနဲ့ အတူတူသွားစားခဲ့ဖူးတဲ့ ခေါက်ဆွဲဆိုင်ကို ရောက်ဖြစ်တယ်။ အရသာက တစ်ခုခုလိုနေသလိုပဲ အစ်မရယ်။
ဘေးနားမှာ အစ်မသာရှိရင် ကျွန်မ ခေါက်ဆွဲပန်းကန်ကို စားကြည့်ပြီး စားကောင်းအောင် ပြင်ပေးအုံးမှာ သိတယ်။
အစ်မကြိုက်တဲ့ ရေခဲမုန့်ဆိုင်ကတော့ ပိတ်ထားတယ်။
အစ်မနဲ့ အတူတူ လမ်းမှားဖူးတာလည်း သတိရမိရဲ့။
ခုတလော မိုးတွေရွာတော့ အစ်မကို ပိုလွမ်းမိတယ်။

ညဘက်တွေ အိပ်မပျော်ဘူးလို့ အစ်မကိုပြောရင် အစ်မက ဆူအုံးမယ် ဆိုတာ ကျွန်မ သိတယ်။
ခုရက်ပိုင်း အိပ်ရခက်သလို အိပ်ပျော်သွားရင်လည်း အိပ်မက်ဆိုးတွေပဲမက်တယ်။
အိပ်မက်ဆိုးတွေ မက်ပြီး နိုးလာတိုင်း ဖက်ထားပေးတတ်တဲ့ အစ်မ ဘေးမှာမရှိတော့တာက အိပ်မက်ဆိုးမက်တာထက် ပိုဆိုးတယ်။

အိပ်မက်ဆိုးမက်တယ် ပြောတိုင်း “ပြောပါအုံး … ဘယ်လိုမက်တာလဲ “ဆိုပြီး တယုတယမေးတတ်တဲ့ အစ်မ မရှိတော့ ကျွန်မမှာ ခုနောက်ပိုင်း အိပ်မက်ဆိုးတွေမက်တိုင်း ရင်ဖွင့်စရာ လူမရှိဘူး။
အလုပ်ထဲက အဆင်မပြေတာတွေ နားထောင်ပေးမယ့် အစ်မက ဘေးမှာ မရှိတော့ဘူး။

ကျွန်မဘဝမှာ ကျွန်မကို အနားလည်ပေးနိုင်ဆုံးက အစ်မပဲ။
ကျွန်မ စိတ်တွေကို ဖတ်နိုင်တာလည်း အစ်မပဲလေ။
ကျွန်မ အတွယ်ကပ်ဆုံး ၊အမှီတွယ်ချင်ဆုံးကလည်း အစ်မပါပဲ။

“သူမရှိလည်း အဆင်ပြေနေတာပဲ
သူမရှိရင် အဆင်မပြေလောက်ဘူး ထင်ခဲ့တာ “လို့ သူငယ်ချင်းတစ်ယောက်က ပြောတဲ့ စကားကို ဘယ်လိုတုန့်ပြန်ရမလဲ မသိခဲ့ဘူး။

Rubylili (one shot collections)حيث تعيش القصص. اكتشف الآن