J's (unicode)

1K 93 2
                                    

ဘယ်ဘက်စွန်းစွန်းရင်ညွန့်နားမှာ
'J' ဆိုတဲ့ အက္ခရာထွင်းမယ်။
အသက်သွေးကြောတည်ရှိရာကို
'J'ရယ်လို့ အမည်တွင်စေပါမည်။

.....

" ရှင်က stalker လား ။
ကျွန်မနောက်ကို ဘာလို့လိုက်နေရတာလဲ "

ကျွန်မ သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်ပြီး
ပြောလိုက်တော့ သူကလန့်သွားပုံရသည်။
အချိန်ပိုင်းလုပ်တဲ့ ကော်ဖီဆိုင်ကနေ အိမ်ကို
လမ်းလျှောက်ပြန်တဲ့အချိန်တိုင်းသူက ကျွန်မအနောက်ကနေလိုက်လာတယ်လို့ ခံစားနေရတာ
တစ်ပတ်တိတိရှိပြီမလို့ သူ့ကို မေးမိလိုက်ခြင်း ။

သေချာကြည့်မိမှ သူ့မျက်လုံးတွေက
ဝိုင်းဝိုင်းစက်စက် လင်းလင်းလက်လက်။

" ဒီတိုင်းပဲ လူတစ်ယောက်နဲ့တူနေလို့ "

သူပြန်ပြောလာတဲ့စကားသံက အေးအေးဆေးဆေးပင်။
ရုပ်ကလေးသန့်သန့်လေးနဲ့ ဦးနှောက်မကောင်းတဲ့လူလားလို့ Jennie စိတ်ထဲ ထင်မိသွားသည်။
Jennie အထင် အမှန်ဆိုရင် တကယ်ကို သနားစရာကောင်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပေလိမ့်မည်။

" အင်း... သူကတော့ မျက်ခွံပေါ်မှာ မှဲ့မရှိဘူး "

အဆက်အစပ်မရှိတဲ့စကားကို သူက ဆိုလာပြန်သည်။
သူပြောလိုက်မှ Jennie မျက်ခွံပေါ်က မှဲ့ကလေးကို
လက်ဖြင့်အသာစမ်းလိုက်မိသေးသည်။
Jennie လည်းဘာမှမပြောတော့ဘဲ
အိမ်ပြန်ရောက်ဖို့သာဦးတည်လိုက်ပြီး
ခပ်သွက်သွက် လမ်းလျှောက်လာလိုက်တော့သည်။
ထိုကောင်မလေးကတော့ ပါမလာ။
ထိုကောင်မလေးလို့သာ စိတ်ထဲက မှတ်ချက်ချမိတာ
သူက Jennie ထက်အသက်ပိုကြီးလိမ့်မည်။

Jennie က အထက်တန်းအောင်ကစ
​ကောင်မလေးတစ်ယောက်။
အလယ်တန်းလောက်ကတည်းက ကိုယ့်ဘဝကို ရုန်းကန်ရင်းတစ်ယောက်တည်း နေလာခဲ့သည်။
တက္ကသိုလ် ဆက်တက်ဖို့ငွေကြေးပိုလိုအပ်မှာမလို့
အချိန်ပိုင်းအလုပ်တွေကို ဖိလုပ်နေခြင်းဖြစ်သည်။

.....

Jennie အိမ်ပြန်ရောက်တော့
အေးစက်မှောင်မဲနေတဲ့ အခန်းက Jennie ကိုကြိုဆိုနေသည်။
အရက်သောက်ဖို့အသက်ကလည်းပြည့်သွားပြီဆိုတော့ အရင်နေ့က ဝယ်ထားတဲ့ ဆိုဂျူကို သောက်ဖို့ပြင်ဆင်လိုက်သည်။

Rubylili (one shot collections)Tahanan ng mga kuwento. Tumuklas ngayon