အချစ်က ချစ်ပြီးရင် နာကျင်ရတယ်တဲ့။
သူနဲ့ရှိခဲ့တဲ့ အမှတ်တရတွေက နာကျင်စရာကောင်းပေမယ့် ပြန်သတိရမိတဲ့အခါ ချိုမြိန်တဲ့ပုံပြင်တစ်ပုဒ်ဖြစ်လာခဲ့သည်တဲ့လေ....။
နာကျင်ခဲ့ရပေမယ့်ပေါ့ကွယ်....။တစ်ခါက တောအုပ်လေးတစ်ခုမှာ
မြွေမလေးတစ်ကောင်ဟာ
သစ်ပင်လေးတစ်ပင်မှာ ညှပ်နေလေရှာသတဲ့
သူဟာ ရုန်းထွက်ပေမယ့် ရုန်းထွက်လို့မရပဲ ညှပ်နေလေတယ်
ဒီလိုနဲ့ တစ်နေ့မှာ ဖားလေးတစ်ကောင် မြွေမလေးညှပ်နေတာကို တွေ့ပြီး ကူညီပေးလိုက်လေတယ်
ကူညီပေးလိုက်ပြီးနောက်မှာမြွေမလေးဟာ ဖားလေးကိုချစ်သွားရှာလေတယ်
ဖားလေးကလည်း သူ့ကို အန္တရာယ်မပြုတဲ့ မြွေမလေးကို ပြန်လည်ချစ်သွားလေသတဲ့ ....
ဒီလိုနဲ့ အတူနေကြတဲ့အခါ မြွေမလေးက ချစ်လွန်းလို့ နေ့တိုင်းနမ်းရှာလေတယ်
မြွေမလေးနမ်းတိုင်း ဖားလေးဟာ အဆိပ်တက်ရှာလေတယ်
ကြာလာတော့ ဖားလေးဟာ မနမ်းဖို့ပြောရှာလေတယ် ...
ထိုအခါမြွေမလေးက နေ့တိုင်းနမ်းလာသဖြင့် အခုမှ မနမ်းခံချင်တဲ့ ဖားလေးကို စိတ်ဆိုးလေရှာသတဲ့....
စိတ်ဆိုးပြီး ဖားလေးကို သူ့အချစ်နဲ့မထိုက်တန်ဘူးဟုပြောကာ ထွက်သွားရှာလေတယ်....
ဒီလိုနဲ့ ဖားလေးဟာလွမ်းနာကျ အဆပ်တက်ပြီး ဆုံးပါးသွားလေတော့လေသတည်း......။#တိုရှည်
#အချစ်ပုံပြင်( အိုင့်ဟန်နီပြောပြတဲ့ ပုံပြင်။
မူရင်းပိုင်ရှင်ကို crd ပေးပါသည်။)ကလေးတွေက အသက် လေးဆယ်ကျော် ငါးဆယ်နီးပါးလောက်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပြောပြနေတဲ့ ထိုပုံပြင်ကို စိတ်ဝင်စားစွာနားထောင်နေကြသည်။
အသက်ငါးဆယ်နီးပါးရှိပြီဖြစ်တဲ့ ရူဘီဂျိန်းခေါ်
ဒေါ်ရူဘီသည် " Sunflower " ဟုခေါ်သော
မိဘမဲ့ဂေဟာကို စနေနေ့တိုင်း လာတတ်ပြီး
ကလေးတွေကို ပုံပြင်လာပြောပြလေ့ရှိသည်။ကလေးများက ဒေါ်ရူဘီကို ချစ်ခင်ကြပြီး
ဒေါ်ရူဘီလာမယ့် စနေနေ့ကို မျှော်နေတတ်ကြသည်။
ဂေဟာသို့ လာတိုင်းဒေါ်ရူဘီသည် ကလေးများအတွက် မုန့်အမျိုးမျိုးလုပ်လာတတ်သည်။
YOU ARE READING
Rubylili (one shot collections)
Short Storyရူဘီ့ဘယ်ဘက်လက်ဖဝါးပေါ်ကမှဲ့ကလေးကိုတယုတယ နမ်းရှိုက်ချင်ရဲ့ 🖤