I miss you ( unicode)

1.1K 112 5
                                    


အဲ့ဒီမိန်းမက သူ့မျက်လုံးတွေနဲ့လည်း
လူကိုဖမ်းစားနိုင်တယ် ။
သူ့စကားသံတွေအောက်မှာ မြောပါသွားအောင်လည်း
စွမ်းဆောင်နိုင်တယ်။
သူ့ရယ်သံတွေအောက်မှာလည်း
ပြားပြားဝပ်ခစားချင်အောင်ထိ ညှို့ယူနိုင်စွမ်းရှိတယ်။

အဲ့ဒီမိန်းမကို လီဆာသိပ်ချစ်တယ် ။
သူရဲ့အဆိုးအဆာတွေကစ လီဆာချစ်တယ် ။
သူဟာကိုယ့်အပေါ်ဆိုနည်းနည်းလေးမှ
ငဲ့မကြည့်တတ်တာတွေကစ သိမ်းကျုံးချစ်နိုင်တယ် ။
တစ်ခါတစ်လေ သူ့ကို မချစ်ဖို့ကြိုစားမိသည်အထိ
လီဆာ အဲ့ဒီမိန်းမကို သိပ်ချစ်သည် ။

မချစ်အောင်ကြိုးစားတာက သူက နည်းနည်းလေးမှ
လီဆာ့အတွက် မတွေးပေးဖူးတာပဲ ။
လီဆာ့အတွက်တော့ သူက
အမြဲနံပါတ်တစ်ဖြစ်နေပေမယ့်
သူ့အတွက်တော့ လီဆာက အမြဲနောက်ဆုံးမှာ ။
သူ့ကို ပစ်ချပစ်လိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားဖူးတယ်။
အကြိမ်ကြိမ်ကျရှုံးရသူက လီဆာ။

ကိုယ့်ဘက်ကို အမြဲမငှဲ့ညှာဘဲ အကြိမ်ကြိမ်စိတ်
ဒဏ်ရာတွေ ပေးတဲ့လူကိုမှ မစွန့်နိုင် မခွာရက်
အသည်းထဲထိ သူတစ်ယောက်တည်းကိုပဲ
ချစ်နေမိတဲ့ လီဆာ့ကိုယ် လီဆာလည်း မုန်းသည်။

ဖြစ်နိုင်ရင် သူမကို ဘဝ ထဲက
ဆွဲထုတ်ပစ်လိုက်ချင်ပါသည် ။

အဲ့ဒီမိန်းမက သူလုပ်ချင်ရာ လုပ်
အချိန်အကြာကြီး ပစ်ထားပြီးမှ
သူအမြဲပြောတဲ့စကားလုံးက

" I miss you my ppu ppuu " တဲ့

အဲ့စကားတစ်ခွန်းတည်း
အမြဲအဲ့စကားတစ်ခွန်းတည်းနဲ့ လူကို
သူ့ဆီက ရုန်းမထွက်နိုင်အောင်
ပြုစားနိုင်လွန်းသည် ။

'ပစ်ထားမိလို့ တောင်းပန်ပါတယ် 'ဆိုတဲ့
စကားတစ်ခွန်းမပြော

' I miss you 'ဆိုတာလေးနဲ့ပဲ
သူလုပ်ထားသမျှ သူပစ်ထားသမျှကို
ခွင့်လွှတ်ပေးချင်အောင်ထိ
အဲ့စကားက အစွမ်းထက်သည် ။

အဲ့စကားတစ်ခွန်းတည်းနဲ့တင် လူကို
အရည်ပျော်အောင် ထိန်းချုပ်နိုင်စွမ်းရှိသည် ။

အဲ့ဒီမိန်းမက သူ့ကိုယ်သူ အမြဲ အပိုင်တွက်ထားပုံရသည် ။

ဟုတ်သည်.... လီဆာ သူ့ကို သိပ်ချစ်သည်
သူဘာလုပ်လုပ် စိတ်မဆိုးနိုင်အောင်ထိ
အဲ့ဒီမိန်းမကို လီဆာ အရမ်း အရမ်းကို ချစ်ပါသည်။

Rubylili (one shot collections)Unde poveștirile trăiesc. Descoperă acum