လရောင်တွေအရမ်းလင်းနေတဲ့အခါ
အိပ်ပျော်ဖို့ခက်ခဲတယ် ။
လရဲ့အလင်းရောင်ကြောင့်
မှောင်မဲနေတဲ့အခန်းထဲ အလင်းရောင်ဖြာကျနေတယ်။
လရဲ့အလင်းရောင် မှိန်ပြပြ... ။ပြတင်းပေါက်ဘောင်ပေါ် တက်ထိုင်လိုက်ရင်း
လကိုငေးကြည့်မိတော့ သူ့ကို သတိရမိတယ် ။ကြယ်ကလေးတွေလင်းလက်နေတာမြင်ရတော့
သူ့မျက်ဝန်းတွေကို သတိရမိတယ် ။.....
လရောင်အောက်မှာ တိတ်ဆိတ်ငြိမ်သက်စွာ
မျက်ဝန်းတွေကို အပြန်အလှန်ကြည့်ရင်း
ငြိမ်သက်စွာ ကခုန်နေတဲ့လူနှစ်ယောက် ။သူ့လက်တွေက ကျွန်မခါးသိမ်သိမ်လေးကို
ပွေ့ဖက်ထားရင်း စည်းချက်ညီစွာ ယိမ်းနွဲ့နေမိကြတယ် ။ နှုတ်ခမ်းနှစ်ခုကလည်း တစ်သားတည်း
ထိစပ်လုနီးပါး ။" နီနီ.. နီနီ "
အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရတဲ့အချိန်
နိုးလာခဲ့သည် ။
အိပ်နေရာကနေနိုးသွားလို့ စိတ်ထဲသိပ်မကြည်တော့ ။
အိပ်မက်ကနေ မနိုးထချင်တာဖြစ်လိမ့်မည်။ဂျီဆူးက ဂျဲနီအိပ်နေတဲ့ အိပ်ရာပေါ်တက်ထိုင်ရင်း
" ထဖို့အချိန်တန်ပြီနီနီ..ဒီနေ့ blind date သွားတွေ့ဖို့ လုပ်ထားတယ်မလား ""မသွားချင်တော့ဘူး unnie "
မျက်လုံးမဖွင့်ပဲ ထိုစကားကို ဂျဲနီခပ်တိုးတိုးဆိုလိုက်သည်။ အိပ်ရာနိုးစမို့ အသံက မို့မို့အစ်အစ်လေးတေးတေး ။
ဂျီဆူးက ဂျဲနီတင်ပါးကို ဖြန်းခနဲမြည်အောင် လက်ဝါးနဲ့ တစ်ချက်ရိုက်လိုက်ပြီး" ဘာလို့စိတ်ပြောင်းပြန်ရတာလဲ နီနီရဲ့.. မရဘူး သွားတွေ့ရမယ် အခုထ"
ဂျဲနီ အိပ်ရာပေါ်မှာ ပေကပ်အိပ်နေလိုက်တယ်။
ဂျီဆူး unnie ကတော့ အလျော့ပေးမယ့်ပုံအပေါ် ။
ဂျဲနီလက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ဆွဲထူသည်။ဂျီဆူးunnie ဆွဲထူလိုက်တာကြောင့်
ဂျဲနီထထိုင်နေရသည်။ သို့ပေမယ့် မျက်လုံးကတော့
မဖွင့်သေး ။" ဒီတစ်ခါတော့သွားကိုသွားရမယ်.. ထတော့ "
" ဟင့်အင်း မသွားချင်တော့ဘူး
unnie ပဲသွားချင်သွားလိုက်"
BINABASA MO ANG
Rubylili (one shot collections)
Short Storyရူဘီ့ဘယ်ဘက်လက်ဖဝါးပေါ်ကမှဲ့ကလေးကိုတယုတယ နမ်းရှိုက်ချင်ရဲ့ 🖤