with you

1.1K 106 7
                                    

မာမီထွက်ခွာပြီးနောက်ပိုင်း
ပဲရစ်ကနေ ကိုးရီးယားလာဖို့  လီလီဆုံးဖြတ်ခဲ့တယ်။
မာမီ့အငွေ့အသက်တွေရှိတဲ့ ဒီနေရာကနေမပြောင်းချင်ပေမယ့် ဒီနေရာကနေ လီလီထွက်ခွာမှရတော့မယ်။

ဒီဆုံးဖြတ်ချက်တွေခိုင်မာလာတာက မာမီရဲ့ ဒိုင်ယာရီ စာအုပ်ကို အမှတ်မထင် တွေ့ပြီး မှ ဖြစ်ပေါ်လာရတယ်။
မာမီဟာ လီလီ့ရှေ့မှာတော့ ကြံ့ခိုင်တဲ့အမျိုးသမီးပေ
မယ့် မာမီဟာ လူသားပဲလေ။
နာကျင်ခံစားတတ်တာပေါ့။
သူ့ဘဝတစ်လျှောက်လုံးတမ်းတနေခဲ့ရတဲ့ လူက
"မောင်"ဆိုတဲ့လူတစ်ယောက်။
တစ်နည်းအားဖြင့် လီလီရဲ့ အဖေဖြစ်သူ။
လီလီရဲ့အဖေဖြစ်သူဆိုတဲ့တစ်ယောက်ကတော့
လီလီက သူ့သွေးသားမှန်းတောင်သိမှာမဟုတ်ဘူး ။
ဘယ်တော့မှလည်း သိနိုင်မှာမဟုတ်ဘူး။

မာမီ့ရဲ့​နောက်ဆုံးဆန္ဒက မောင် ဆိုတဲ့ လူကို နောက်ဆုံးအနေနဲ့ တွေ့ချင်ခဲ့တာတဲ့လေ။

မာမီ့ရဲ့ဆန္ဒကို သမီးတစ်ယောက်အနေနဲ့ ဖြည့်ဆည်းပေးဖို့တာဝန်ရှိတယ်မလား။
မာမီဟာ လူ့လောကမှာမရှိတော့ပေမယ့်
မောင်ဆိုတဲ့လူကို တော့ မာမီရဲ့အုတ်ဂူရှေ့ဖြစ်ဖြစ်လီလီရောက်အောင်ခေါ်လာပေးမယ်။

" မာမီ ကောင်းကင်ဘုံ မှာပျော်နေပြီလားဟင်
လီလီတော့ မာမီကို အရမ်းသတိရတာပဲ
မာမီ့ဆီကို ဒီနှစ်အတွင်းအရင်လိုခဏခဏလာနိုင်တော့မှာ မဟုတ်ဘူး ။ မာမီက လီလီ့နှလုံးသားထဲမှာတော့ အမြဲရှင်သန်နေတာသိတယ်မလား"

မာမီ့အုတ်ဂူနားမှာ အချိန်အတော်ကြာအောင်နေခဲ့ရင်း
မာမီရှိနေသလို အချိန်ကုန်ဆုံးစေခဲ့သည်။
မနက်ဖြန်ဆို လီလီ ကိုးရီးယားကို သွားရင် မာမီဆီ အရင်လို ခဏခဏ လာနိုင်တော့မှာ
မဟုတ်တာကြောင့်။

" လွမ်းတယ်.. မာမီ"

.........

ကိုးရီးယားမြေကိုရောက်တော့ လီလီ့အတွက်နေရတာ
စိမ်းမနေ။ ရင်းနှီးတဲ့အငွေ့အသက်တွေကို ခံစားရသည်။
ဒီနိုင်ငံဟာ မာမီကြီးပြင်းခဲ့တဲ့နေရာ။
မာမီ့ရဲ့စိတ်အလုံခြုံဆုံးနေရာဖြစ်ပေလိမ့်မည်။

တစ်ပတ်လောက်တော့ ဟိုတယ်မှာနေမည်။
ပြီးရင် တိုက်ခန်းတစ်ခန်းဝယ်ပြီး နေမယ်စိတ်ကူးထားသည်။

Rubylili (one shot collections)Where stories live. Discover now