-ဆုံမှတ်-
...........
" ဘဝမှာပျော်ရွှင်အောင်ဘယ်လိုနေရမလဲ"
ပျော်ရွှင်ပြေးလွှားနေတဲ့ ကလေးနှစ်ယောက်ကိုဆွေးမြေ့နေတဲ့မျက်ဝန်းတွေနဲ့ငေးကြည့်နေပြီး
ကမ္ဘာကြီးတစ်ခုလုံးကိုထမ်းထားရတဲ့ အသံမျိုးနဲ့
သူမကမေးသည်။နားထဲမှာ ရေလှိုင်းသံတွေက လှုပ်လှုပ်ခတ်ခတ်
ရယ်မောသံတွေက လတ်လတ်ဆတ်ဆတ်.. ။" စိတ်ညစ်စေမယ့်အရာတွေမတွေးနဲ့ပေါ့ "
ကျွန်မပြောတော့ သူရဲ့ အဲ့ဒီ ပင်ပန်းလေးလံနေတဲ့
မျက်ဝန်းတွေက ကျွန်မဆီ အကြည့်ရောက်တယ် ။" မတွေးလည်းခေါင်းထဲရောက်နေတာ ဘယ်လိုလုပ်မလဲ "
သူ့အသံက ကြားရရုံမျှ ခပ်တိုးတိုး... ။
" ဟူး "
သက်ပြင်းရှိုက်သံတစ်ချက် ...။
ပင်လယ်ကမ်းစပ် သဲသောင်ပြင်ပေါ်မှာ
ထိုင်နေတဲ့ လူသားနှစ်ယောက်.... ။သူဟာ ပင်လယ်ကို မိနစ်အနည်းငယ်ကြာ
တွေတွေလေးငေးနေပြီး...နောက်ထပ်မေးခွန်းတစ်ခုကို ဖွင့်ဟလာပြန်တယ် ။
" ဘဝထဲမှာရှိတဲ့တစ်ယောက်တည်းသောသူကို
ဆုံးရှုံးဖူးလား "သူ့မေးခွန်းကို ကြားကြားချင်း သူ့မျက်နှာဆီ
ဆတ်ခနဲ လှည့်ကြည့်မိတယ် ။တကယ်တော့ သူ့မေးခွန်းမှာဖြေစရာစကား မရှိ
ကျွန်မဘဝထဲမှာ ချစ်ခင်ရတဲ့လူ တစ်ယောက်မက ရှိနေတာကိုး ။"ဖြေရခက်တဲ့မေးခွန်းဖြစ်သွားလား "
သူက တစ်ချက်ပြုံးပြီး ပြောပြန်သည်။"ကျွန်မတော့ဆုံးရှုံးဖူးတယ်...
ဘဝမှာတစ်ယောက်တည်းပဲရှိတဲ့ သူ ကိုလေ
ရယ်စရာပဲနော်... ကျွန်မဘဝမှာ သူတစ်ယောက်တည်းရှိခဲ့တာ.. တကယ်ကိုတစ်ယောက်တည်း "သူက လေးလေးနက်နက်နဲ့ သူ့မေးခွန်းကို သူပဲအဖြေပြန်ပေးနေသည်။
လေညှင်းတစ်ချက်တိုက်ခတ်မှုကြောင့်
သူ့အညိုရောင်ဆံနွယ်တွေက
လေထဲ ဝဲပျံတဲ့အခါ သူ့နှာခေါင်းလုံးလုံးလေးကို ကျွန်မစသတိထားမိတယ် ။
သူက ပင်လယ်ကိုသာငေးနေပြီး
ကျွန်မကသာ သူ့မျက်နှာကို ငေးပြီး
သူပြောသမျှကို နားထောင်နေမိတာ ။

YOU ARE READING
Rubylili (one shot collections)
Short Storyရူဘီ့ဘယ်ဘက်လက်ဖဝါးပေါ်ကမှဲ့ကလေးကိုတယုတယ နမ်းရှိုက်ချင်ရဲ့ 🖤