I miss you,I'm sorry

734 61 7
                                    

ကျွန်မအကြိုက်ဆုံး အရောင်ကအပြာရောင်
ပင်လယ်ပြာ... ကောင်းကင်ပြာ ပြီးတော့...
နှင်းဆီပြာပြာ။

တချို့ကပြောကြတယ် 'အပြာရောင်' က
ဝမ်းနည်းစရာကောင်းတဲ့ အရောင်တဲ့လေ ။
ဘာပဲဖြစ်ဖြစ် အပြာရောင်တွေနဲ့တူတဲ့ သူ့ကိုလည်းချစ်ခဲ့ပါတယ်။

ကျွန်မက သူထားပစ်ခဲ့ရမယ့် အမျိုးသမီးတစ်ယောက် ပြီးတော့သူချစ်ခဲ့တဲ့အမျိုးသမီးတစ်ယောက် ။ တကယ်တော့ သူကျွန်မကိုချစ်ခဲ့လား မသေချာပါဘူး။
စတွေ့ကတည်းက လမ်းခွဲရမယ့်ရက်အတိအကျကို ကြိုသိနေတဲ့ လူနှစ်ယောက်အတွက် ထာဝရဆိုတဲ့ စကားလုံးက ရှိလာနိုင်အုံးမလား။ ရယ်စရာပဲနော်။ အဲ့လိုအဆုံးသတ်ကိုကြိုသိနေသားနဲ့ကို ကျွန်မသူ့ကိုချစ်မိအောင်ချစ်ခဲ့ပါသေးတယ်။

......

သူ့ပခုံးပေါ် ကျွန်မခေါင်းကို မှီထားကာ
ပင်လယ်လှိုင်းသံတွေကို နားထောင်နေရင်း

" ကျွန်မတို့စတွေ့ကြတာ ဒီပင်လယ်မှာပဲနော်"

သူကခေါင်းကိုအသာငြိမ့်လို့ထောက်ခံသည်။

" မနက်ဖြန် ဒယ်ဒီ့သမီးရဲ့မင်္ဂလာပွဲတဲ့လေ
ရူဘီသွားရင်ကောင်းမလားလို့ "

" ရူဘီသွားချင်တယ်ဆိုရင် မောင်လိုက်ပို့မယ်လေ"

ကျွန်မမောင့်ကို ဒီလိုမျိုး ကျွန်မအလိုကို အမြဲဖြည့်ဆည်းပေးတတ်လို့ချစ်နေမိတာလားမခွဲခြားနိုင်ပါ။

" ရူဘီပဲတစ်ယောက်တည်းပဲသွားလိုက်မယ်။
အကယ်၍ ဒယ်ဒီ ရူဘီ့ကိုမြင်လိုက်ရင် မှတ်မိမယ်ထင်လား..မောင်"

မောင်က ကျွန်မမေးခွန်းကို မဖြေပဲ

ပင်လယ်ကိုငေးကြည့်နေရင်း
" ဒီည မောင်တို့ steak လုပ်စားရအောင်လေ "
ဆိုတဲ့ စကားကိုသာဆိုသည်။

" မောင်လုပ်ကျွေးတဲ့ steak ကကောင်းဆုံးပဲ "
လက်မလေးထောင်ကာ ပျော်ရွှင်စွာကျွန်မပြောလိုက်တော့ မောင်က ကျွန်မပါးလေးတွေကို သူ့လက်နဲ့အသာဖျစ်လို့ ပြုံးသည်။

ရူဘီ့ ဒယ်ဒီရဲ့ သမီးဆိုတော့ တစ်နည်းအားဖြင့်
ရူဘီ့ ညီမလေးပေါ့ ။ အဖေတူ အမေကွဲ ညီမလေးလေ။ ကလေးအရွယ်ကတည်းက ရူဘီက အချစ်မခံရတဲ့ ကလေးတစ်ယောက်။ ရူဘီ ချစ်ခင်ရတဲ့လူမှန်သမျှ ရူဘီ့ကို ထားပစ်ခဲ့ကြတာပဲ ။
ထူးဆန်းတာလား ကံကြမ္မာကြောင့်လားမသိပေမယ့်
ဒယ်ဒီဟာရူဘီကိုမလိုချင်ခဲ့ဘူးတဲ့ ။
ရူဘီ့ အသက်သုံးနှစ်အရွယ်မှာ ဒယ်ဒီက ရူဘီတို့သားအမိနှစ်ယောက်ကိုထားပစ်ခဲ့တာပဲ ။

Rubylili (one shot collections)Tahanan ng mga kuwento. Tumuklas ngayon