I'm not yours

534 54 4
                                    

ကိုယ်မင်းကို မေ့ဖို့ကြိုးစားနေတုန်းဘဲ
ဒါပေမယ့် ခုထိမမေ့နိုင်သေးဘူး
မင်းအပေါ်လုပ်ခဲ့မိတဲ့ အပြစ်တစ်ခုကိုဝန်ခံရမယ်ဆို
မင်းကိုချစ်ခဲ့မိတဲ့ အပြစ်ပဲရှိတာပါ။

နာကျင်စရာတွေများတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့
ဆက်ဆံရေးတစ်ခုမှာ မင်းနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမှ မေ့မပစ်နိုင်တာတော့ ခွင့်လွှတ်ပေါ့ကွယ်။

အချိန်တိုင်းလွမ်းနေတယ်လို့တော့ ကိုယ်မဆိုချင်တော့ဘူး။ တိုက်ဆိုင်မှုတစ်ခုရှိတဲ့အချိန်တိုင်းတော့
လွမ်းတယ် ပြီးတော့ နာကျင်ရတယ်။

'မင်းကိုယ့်ကိုပြန်ချစ်လာပါစေ'လို့ ကိုယ်ဆုတောင်းနေမိသမျိုး
မင်းကလည်း မင်းချစ်နေတဲ့ တစ်စုံတစ်ယောက်ကို
'ချစ်လာပါစေ'လို့ ဆုတောင်းနေမှာပဲလေ။
ကိုယ်တို့ဆုတောင်းတွေက တူသလိုနဲ့ ကွဲပြားနေတာပဲ မဟုတ်လား ။

" ဘာတွေပဲ ဖြစ်နေနေ မင်းကိုတော့ဖြင့် အထိအရှကင်းစေချင်တာ ကိုယ်အမြဲဆုတောင်းနေတဲ့ အရာပါ။"

ကိုယ်ကတော့ တစ်ယောက်တည်းဆိုလည်းဖြစ်တယ်။
မင်းကတော့ အထိရှကင်းကင်းနဲ့
ပျော်နေမှ ဖြစ်မယ်....အချစ်ရယ်။

...............

ကိုယ်ကတော့ ဘာမှမပြောင်းလဲပါဘူး
ပြောင်းလဲသွားတာ တစ်ခုက သတိရတာတွေ
လွမ်းတာတွေ နာကျင်တာတွေက သီချင်းအဖြစ်ပြောင်းသွားခဲ့ရုံပဲ ရှိတာပါ။

" နောက်ဆယ့်ငါးမိနစ်ဆို အင်တာဗျူးဖြေဖို့စတော့မယ်... လီဆာ"

" ဟုတ်အစ်မ...လီလီ အဆင့်သင့်ဖြစ်နေပြီ"
လီဆာရဲ့ မန်နေဂျာအစ်မဖြစ်တဲ့
အစ်မ ဟယ်ရီမေးလာတာကို လီဆာ စိတ်လှုပ်ရှားစွာဖြေမိသည်။

" ဒီတစ်ခါ အင်တာဗျူးက တိုက်ရိုက်live လွှင့်
မှာဆိုတော့ စိတ်လှုပ်ရှားနေလား လီဆာ "

" အင်း... နည်းနည်း...နှစ်နှစ်လောက်ကြာမှ ပြန်ပြီး
comeback တာဆိုတော့ နည်းနည်းစိတ်လှုပ်ရှားနေတယ်။ "

Rubylili (one shot collections)Where stories live. Discover now