'နောက်နှစ်ချယ်ရီတွေပွင့်တဲ့ အချိန်ကျရင်
တစ်ခါလောက်ဖြစ်ဖြစ် ပြန်တွေ့လို့ရမလား 'သူထွက်သွားတဲ့ကျောပြင်ကို ငေးကာ
သူမြင်ကွင်းထဲက ပျောက်ကွယ်မသွားမချင်း
အဲ့ဒီနေရာ သူကျောခိုင်းခဲ့တဲ့အဲ့ဒီနေရာမှာပဲ
ခြေစုံရပ်နေသည်။' သူ'
သူကျွန်မအမေးကိုတောင် ဟန်ဆောင်စွာ မဖြေနိုင်ဘဲ
လှည့်ထွက်သွားတဲ့ သူ ။
ဟုတ်သည် သူက ဘယ်တုန်းကမှ ဟန်ဆောင်ပြီးတောင် မပြောတတ်သူ ။.....
သူနေ့လည်စာစားတာ မတွေ့လို့ canteen က မုန့်နဲ့ အအေးဗူးကို ဝယ်ကာ သူရှိမယ့် ခေါင်မိုးထပ်ကို
ရူဘီရောက်ခဲ့သည်။" နေ့လည်စာ မစားဘူးမလား ဒါလေးစားလိုက် "
ရူဘီသူ့ကို မုန့်နဲ့ အအေးဗူး လှမ်းပေးတော့
သူက ရူဘီကို ခေတ္တ စိုက်ကြည့်သည် ။
ပြီးမှ သူ့လက်ထဲကို လွှဲပြောင်းယူသည်။" မနက်ဖြန်ဆို စာမေးပွဲဖြေရတော့မယ်နော် လီလီ "
"အင်း "
သူက အင်းတစ်လုံးတည်းဆိုကာ ပြာလဲ့နေတဲ့ကောင်းကင်ကြီးဆီ အကြည့်ပို့ထားသည်။သူ့မျက်ဝန်းထဲက အပြာရောင်ကောင်းကင်ကြီးကို
ရူဘီ ငေးကြည့်နေမိသည်။သူ... သူက ရူဘီကလွဲရင် တစ်ခြားသူတွေအကုန်လုံးကို သဘောကျတတ်လူမျိုးပင် ။
နွယ်ပင် တစ်ခုလို သူ့အနားမှာ ကုတ်ကပ်တွယ်ကပ်နေလို့သာ သူ့နားမှာ ရူဘီ အမြဲရှိနေတာပင် ။
ရုပ်နာမ်အနေနဲ့ သူ့အနားအမြဲရှိနေပေမယ့်
သူ့စိတ်ထဲမှာတော့ ရူဘီဆိုတဲ့စိတ်ကလေး နည်းနည်းတောင်မရှိတာ ရူဘီ ကြိုသိပြီးသားပင် ။
ဘာက အနာကျင်ရဆုံးလဲ သိလား ?
ကိုယ်ချစ်နေရတဲ့လူရဲ့ စိတ်ကလေးထဲ
ကိုယ်က မြူတစ်မှုန်စာလောက် နေရာမပေးထားတာကို အသေအချာ သိနေရတဲ့ အချိန်ပါပဲ ။....
စာမေးပွဲနောက်ဆုံးရက်ဖြေပြီးတဲ့နေ့ရောက်တော့
ရူဘီ လီဆာ ကို ခေါင်းမိုးထပ်မှာ တွေ့ဖို့ချိန်းထားခဲ့သည်။
လက်ထဲမှာလည်း လီဆာ့ အကြိုက်အချိုရည်ဘူးကို ကိုင်လျက် ။
ရူဘီ ရောက်ပြီး ဆယ်မိနစ်တိတိ မှ လီဆာရောက်လာခဲ့သည်။
ရူဘီလက်ထဲက အချိုရည်ဘူးကို လှမ်းပေးတော့ သူက ထုံးစံအတိုင်း ယူသည် ။
သူ့ပုံစံအတိုင်း ကောင်းကင် ကို ကြည့်ကာ
BINABASA MO ANG
Rubylili (one shot collections)
Short Storyရူဘီ့ဘယ်ဘက်လက်ဖဝါးပေါ်ကမှဲ့ကလေးကိုတယုတယ နမ်းရှိုက်ချင်ရဲ့ 🖤