Unicode
"နှစ်ဖက်ခွဲကျစ်ရမှာလား တစ်ခုတည်းကျစ်ရမှာလား...သမီး...""နှစ်ဖက်...ပြီးသွားရင် သူ့လိုလေးဖြစ်သွားမှာလား ဒယ်ဒီ..."
YouTube ကဆံပင်ကျစ်နည်း Video ဖွင့်ရင်း မီးချစ်လေး ဆံပင်ကိုကျစ်ဖို့ကြိုးစားနေတဲ့ ကမ္ဘာ...မီးချစ်လေးက Video ထဲကကောင်မလေးကိုကြည့်၍မျှော်လင့်တကြီးမေးသည့်အသံ...April Fool မှာ ကလေး လိုချင်ကြောင်း အရူးလုပ်ပြီးကတည်းက အစ်မဖြစ်သူရဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့ သားချစ် နဲ့ မီးချစ် ကဒီဘက်အိမ်ချည်းအနေများလာသည်...တမင်ရည်ရွယ်တာမဟုတ်သော်ငြား အစ်မဖြစ်သူက အမှန်ထင်သွားပုံရသည်...ပေါ်တင်မဟုတ်သော်ငြား သွယ်ဝိုက်ကာ ကလေးတွေနဲ့အနေနီးအောင်ဖြည့်ဆည်းပေးတတ်သည်...
"ဒါပေါ့...ဘယ်သူလုပ်ပေးမှာမို့လို့လဲ..."
"ဒယ်ဒီ..."
"ဟုတ်ပြီ...ဒယ်ဒီ့ကိုယုံလိုက်..."
အားကြိုးမာန်တက်နဲ့ သမီးဖြစ်သူကို ခြေထောက်ကြားထဲထည့်ကာ အိပ်ခန်းကြမ်းပြင်ပေါ်အလှပြင်ပေးနေတဲ့ ကမ္ဘာ... အခေါ်အဝေါ်ကအစ ပြောင်းလဲလာသည့် ကလေးနှစ်ယောက်နှင့်အတူ ကမ္ဘာနဲ့ပင်း မှာနေသားတကျ...
"မပြီးကြသေးဘူးလား...ဒီသားအဖနှစ်ယောက်က..."
"နိုး..."
Unicorn အရုပ်လေးပါသည့်ခေါင်းစည်းကွင်းကိုပါးစပ်ကကိုက်ထားရင်း ရေချိုးခန်းထဲကထွက်လာသည့် ပင်း ကိုတုံ့ပြန်လာသည့် ကမ္ဘာ့ရဲ့ပလုံးပထွေးအသံ...တခြားအရာတွေသာစိတ်မရှည်ရင်မရှည်မည်...ကလေးနှစ်ယောက်နှင့်ပတ်သက်လျှင်တော့ကမ္ဘာသည်အင်မတန်စိတ်ရှည်ပါသည်...
"ဟိုဘက်ကနည်းနည်းလျော့နေတယ်...သိပ်မညီသေးဘူး...နည်းနည်းပြန်ပြင်လိုက်..."
"အင်း...ပြန်ပြင်မှာ..."
"..."
"ပင်း ခေါင်းလျော်လာတာလား..."
မီးချစ်လေး ဆံပင်တွေကိုအာရုံစိုက်နေရာက ပင်း ရှိရာအရပ်ကိုခေါင်းငဲ့ကြည့်၍ဆိုလာသည့်အသံ...
"အင်း..."
"ခြောက်အောင်သုတ်ဦး..."
"အင်း...ကမ္ဘာရေချိုးရဦးမှာနော်...နောက်ကျရင် ကလေးတွေဗိုက်ဆာမယ်..."
