[အမြွှာလေး နှစ်ယောက်ရဲ့ အရွယ်ရောက်ပြီး ကာလအပိုင်းအခြားအတွက်ရေးသားထားခြင်းဖြစ်ပါသည်။ အသစ်တစ်ပုဒ်အနေနဲ့ရေးချင်ပေမဲ့ အဆုံးမသတ်နိုင်မှာစိုးတာရယ်၊ ကမ္ဘာနဲ့ပင်းတို့ရဲ့ အရွယ်ရောက်ပြီးသား ကလေးတွေနဲ့ဆက်ဆံရေးကို ဖော်ပြချင်တာရယ်ကြောင့် ဒီမှာပဲ One Shot အနေနဲ့တင်လိုက်ပါတယ်နော်...။]
~~~The Tim~~~
"ရှား..."
"အင်း...ငါ..."
ညဘက်အချိန် ကမ်းခြေရှိဟိုတယ်တစ်ခုရဲ့ ပါတီကျင်းပလေ့ရှိရာ မြက်ခင်းကျယ်ဆီငေးမောနေသော လူတစ်ယောက်ဆီမှ ထွက်လာသော ခန့်မှန်းဟန်ပါသည့် နှုတ်ဆက်သံ...။ နောက်ကျောဖက်မှတစ်ဆင့် လက်တစ်ဖက်တည်းဖြင့် လည်တိုင်ကိုသွယ်ဝိုက်လို့ ညာဖက်ပုခုံးကနေ ဘယ်ဘက်ပုခုံးထက်သို့ သိုင်းဖက်ဟန်သည် ဆင်ထင်ရှားသော် ၏သူငယ်ချင်းများကို နှစ်သိမ့်လိုလျှင် အသုံးပြုတတ်သော အမူအကျင့်ဖြစ်သည်။
"နင်က မှန်ကန်တဲ့ဆုံးဖြတ်ကိုချခဲ့တာ ဘီဘီ..."
"..."
"ဒီရွေးချယ်မှုက နင့်ကိုဘယ်တော့မှ နောင်တရစေမှာမဟုတ်ဘူး..."
"ဟုတ်ပါ့မလား...ထင်ရှား ရာ..."
ညင်သာတဲ့အနမ်းတစ်ပွင့်ကို ဘီဘီ့ ခေါင်းထက်ခြွေလို့ ဖက်ထားရာမှခွါကာ တစ်ဖက်တစ်ပုလင်းကိုင်လာသော ဘယ်ဘက်လက်မှ လူတစ်ယောက်စာဝိုင်ပုလင်းအား ဘီဘီ့ဆီ ထင်ရှားကမ်းပေးလိုက်သည်။ ထင်ရှားအတွက်တော့ သူငယ်ချင်းတွေ တခြားနာမ်စားသုံးတဲ့အခါ နူးညံ့ပြီးကြင်နာဖေးမစွာ မိန်းကလေးတစ်ယောက်အနေနဲ့ ဆက်ဆံသလို ခံစားရပေမဲ့ ထင်ရှား လို့ခေါ်လာရင်တော့ ယောက်ျားလေးတစ်ယောက်လို ဆက်ဆံခံရသည်လို့ တွေးထင်မိသည်...။
"ငါ့ကို ယုံစမ်းပါ..."
"ဟားဟား..."
ရယ်နေပေမဲ့ ထိုအသံတွေဟာ အသက်ပါမနေခဲ့...။ပင်လယ်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာသော ခပ်ကြမ်းကြမ်းလေတိုက်သံတွေကလွဲလို့ သူငယ်ချင်းနှစ်ဦးကြား စကားသံတွေဟာခဏတိတ်ဆိတ်သွားသည်။
"..."
"ဒါနဲ့ ရည်ရွယ် လာမယ်လို့နင်ထင်လား..."
