#Unicode
ဒီနေ့မနက် ထယ်ယောင်းနောက်ကျမှ နိုးလာခဲ့သည်။
နာရီနှိုးစက်သံကြားမှ ကမန်းကတမ်းထလာရင်း မျက်နှာသစ်,ရေချိုးဖြင့် တစ်ယောက်တည်းယောက်ယတ်ခတ်နေမိ၏။ရေချိုးပြီးတော့ အဝတ်အစားလဲရန် ပြင်မိသည်။
ညတည်းက အသင့်ပြင်ထားသောဘောင်းဘီနဲ့ ရှပ်အင်္ကျီအဖြူကိုဝတ်လိုက်သည်။အင်္ကျီကို ကြယ်သီးအပြည့်တပ်ကာ အောက်အဖျားကို ဘောင်းဘီထဲထိုးထည့်လိုက်တော့ ထင်းခနဲပေါ်လာသည့် ခါးသွယ်သွယ်လေးနဲ့အတူ ပိန်သွယ်သော ခန္ဓာကိုယ်ပေါ် ချပ်ရပ်စွာဖြင့် ကြည့်ကောင်းလို့နေ၏။
အပေါ်ကနေ နက်ပြာရောင် ယူနီဖောင်း Coatလေးကိုထပ်ဝတ်လိုက်တော့ လူချောလေးကင်မ်ထယ်ယောင်းရဲ့ အလုပ်သွားဖို့အတွက်ပြင်ဆင်တာက ပြီးပြည့်စုံလို့သွားခဲ့ပြီ။
ထယ်ယောင်းလှုပ်ရှားလိုက်တိုင်း လည်ပင်းမှာ လက်စွပ်နဲ့တွဲကာဆွဲထားသည့် ဆွဲကြိုးလေးဟာ လှုပ်လီလှုပ်လဲ့နဲ့ရယ်...။ဆံပင်လေးကို ပုံကျအောင်လက်လေးနဲ့သပ်တင်နေတုန်း ဗိုက်ထဲက ဂွီခနဲမြည်သံ...။
အိပ်ယာထနောက်ကျခဲ့တာမို့ မနက်စာစားဖို့အချိန်မရှိတော့ဘူးလေ။
ဒီတစ်ရက် ငတ်ပေတော့ပဲ။လွယ်အိတ်လေးကို စလွယ်သိုင်းကာဖြင့် ရှုးဖိနပ်ကိုလည်း တစ်ဝက်သာထိုးစီးရင်း ဘတ်စ်ကားဂိတ်ဆီကို ပြေးရတော့၏။
ကံကောင်းထောက်မစွာဖြင့် မှတ်တိုင်ရောက်တော့ အသင့်ရှိနေသည့် ကားပေါ်ပြေးတက်၍ ထိုင်ခုံမှာထိုင်ပြီးတော့မှ သက်ပြင်းချမိတော့၏။
ကားအဆင်သင့်ရှိနေတာ တော်သေးတယ်။နာရီဝက်လောက်ကြာမည့်အကွာအဝေးမို့ နားကြပ်လေးကို နားထဲထည့်လို့ပြတင်းပေါက်ကနေမြင်နေသည့် မြင်ကွင်းတွေကို ငေးမောကြည့်ရင်းလိုက်ပါလာခဲ့မိသည်။
ဒါက ထယ်ယောင်းရဲ့ ပုံမှန်မနက်ခင်းတွေပဲ...။ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အရွယ်တည်းက မိဘမဲ့ဂေဟာကနေ ထွက်လာခဲ့ပြီး ဘဝကိုရပ်တည်နေသည်မှာ အတော်ကြာပြီ။
အမြဲတမ်းလိုလို အထီးကျန်နေခဲ့ရပေမယ့်လည်း ထယ်ယောင်းကတော့ ကြံ့ကြံ့ခံရင်း ပျော်ရွှင်စွာဖြင့် ဘဝကို ရင်ဆိုင်ခဲ့သည်။
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK