#Unicode
"ဂျွန်..."
ဒီနေ့မနက် ဂျောင်ဂုမှာ ခပ်စောစောနိုးလာတာကြောင့် ကော်ဖီတစ်ခွက်ဖြင့် ခြံထဲ၌သတင်းစာဖတ်ရန် ထွက်လာတုန်း ကြားလ်ိုက်ရသည့် ခေါ်သံကြောင့် လက်ထဲမှသတင်းစာပင် လွတ်ကျသွားရသည်။
အသံပိုင်ရှင်က ကျွန်တော် လုံးဝမထင်မှတ်ထားသည့် နာဘီ။
သူမကတော့ ပြုံးပြရင်း ကျွန်တော့်ကိုသာ စိုက်ကြည့်နေဆဲ...
မမျှော်လင့်ထားတာမို့ မိနစ်အနည်းငယ်လောက်ထိ ဂျောင်ဂုမှာ ကြောင်၍ ကြည့်နေမိသည်။
သူမ ဘေးမှာလည်း အထုတ်အပိုးတွေကို တွေ့ရ၏။"အံ့သြသွားလား ဂျွန်....ကျွန်မ ပြန်လာပြီလေ.."
"သြော်...ဟုတ်လား.."
"ကြည့်ပါဦး စိမ်းကားနေလိုက်တာ...ကိုယ့်ချစ်သူကို တွေ့တာတောင် ဝမ်းမသာဘူးလား.."
သူမက ကျွန်တော့်လက်မောင်းက်ို ချိတ်၍ ခပ်ချွဲချွဲလေး ပြော၏။
နာဘီ လက်ကို ဂျောင်ဂု ဖြုတ်ချလိုက်ရင်း..."မင်း အခု အိမ်ပြန်မှာမလား...လိုက်ပို့ပေးမယ်.."
အခုချိန် သူမကို လွမ်းတာတွေ,သတိရတာတွေထက် ဒီအိမ်ရှေ့မှာ ဆက်ပြီး ရှိမနေစေချင်ဘူး။
မကြာခင် ထယ်ယောင်း နိုးလာတော့မှာ။သူမနဲ့ထယ်ယောင်းကို မျက်နှာချင်းဆိုင်မတွေ့စေချင်တာမို့ အတင်းပင် အိမ်ပြန်ပို့ဖို့ပြင်မိသည်။"ဂျွန်က ဒီလိုပုံစံနဲ့ လိုက်ပို့မှာလား.."
ကျွန်တော်က ညအိပ်ဝတ်စုံနဲ့ပင် ရှိနေဆဲမို့ နာဘိီက မေးခြင်းပင်။
"အဆင်ပြေပါတယ်...ဒ်ီတိုင်းပဲ သွားမယ်.."
ကော်ဖီခွက်က်ို ဧည့်ခန်းထဲက စားပွဲပေါ်မှာချထားပြီးနောက် ဂျွန်က သူမ ဘေးနား၌ချထားသော luaagae ကိုယူပြီးကားနောက်ဖုံးထဲသို့ ထည့်လိုက်သည်။ထို့နောက် သူမလက်ကိုပါ တစ်ခါတည်းဆွဲ၍ ကားထဲသို့ ဝင်စေပြန်၏။
အလောတကြီးနဲ့ဂျွန့်ရဲ့ ပုံစံက နာဘီပင် ခန့်မှန်းလို့မတက်။
ဂျွန်မျက်နှာက တစ်ခုခုကို အရေးကြီးနေသည့်ပုံစံဖြင့် ရှိလို့နေသည်။
သူမမျှော်လင့်ထားသလို ဝမ်းသာအားရဖြစ်မနေသော ဂျွန်ကြောင့် လည်း စိတ်ထဲမှာ လေးလံသွားရသည်။
သူမကတော့ ရောက်ရောက်ချင်း ဒီိကိုပဲ အပြေးလာခဲ့တာ...
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK