#Unicode
"ခနလောက် နားလိုက်မလား နာဘီ....မင်းရဲ့ timingတွေ ဒီနေ့လွဲနေတယ်...စိတ်ရှုပ်စရာရှိနေလို့လား...?"အက နည်းပြဆရာမရဲ့ စကားကြောင့် နာဘီ သက်ပြင်းချမိသည်။
ဟိုနေ့ညက ဂျွန်နဲ့သူမ စကားများပြီးတည်းက အာရုံစုစည်းလို့မရခဲ့တာမို့ ကကွက်တွေ မှားယွင်းလို့နေသည်။"တောင်းပန်ပါတယ်....ကျွန်မ ခနလောက်အနားယူပြီးရင် ပြန်လာခဲ့မယ်..."
"ကောင်းပါပြီ.."
အနားယူသည့်အခန်းထဲရောက်တော့ အိတ်ထဲက ဖုန်းကို ဆွဲထုတ်ကာပင် ဂျွန့်ဆီဆက်သွယ်လိုက်၏
တဒူဒူဖြင့် ဝင်နေသော်လည်း ဆက်သွယ်မှုမရသည့် ဖုန်းကြောင့် သူမ စိတ်ရှုပ်လာရသည်။
သုံးရက်ရှိပြီ။ဂျွန်က သူမကို မဆက်သွယ်ခဲ့သလို, သူမဆက်သွယ်တာကိုလည်း လက်မခံဘူး။ဂျွန်နဲ့သူမဟာအမြဲတမ်း ဒီကိစ္စကြောင့် ပြဿနာတက်ရသည်။
သူမ ဂျွန့်ကိုချစ်ပေမယ့် သူ့ မိသားစုနဲ့မတွေ့ချင်ရသည့် အကြောင်းပြချက် သပ်သပ်ရှိနေသည်။ဂျွန်တို့ မိသားစုက မျိုးရိုးမြင့်သူပီပီ ကြီးကျယ်တယ်ပဲ ပြောရမလား။
ဒါမှမဟုတ် ဂုဏ်မောက်တယ်လို့ပဲ ပြောရလေမလား..။ပထမဆုံးအကြိမ် တွေ့တုန်းက သူမရဲ့ ဝါသနာဖြစ်သည့် ဘဲလေးအကကို အထင်မြင်သေးသလိုမျိုး ရှုံ့ချပြောခဲ့သည်။
အထူးသဖြင့် ဂျွန့်အဖေ....။
ဂျွန်ဟာ သူတို့မိသားစုရဲ့ နောက်ဆုံးမျိုးဆက်ယောင်္ကျားလေးမို့ အမြန်ဆုံး မင်္ဂလာဆောင်ပြီး ဆက်ခံသူ မြေးလိုချင်သတဲ့။
လက်ထပ်ပြီးတဲ့အခါ ဘဲလေးအကကို စွန့်လွှတ်ပြီး ဂျွန့်ရဲ့ ပါရမီဖြည့်ဘက်တစ်ယောက်အနေနဲ့သာ ရှိစေချင်တယ်တဲ့...။
နှစ်ဆယ့်တစ်ရာစုထဲနေပြီး ဒါကဘယ်လိုတောင်ကပေါက်တိကပေါက်ချာနိုင်တဲ့ အတွေးခေါ်ကြီးလဲ။သူမရဲ့ ဒီလိုငယ်ရွယ်ချိန် အရွယ်ကောင်းကို အိမ်ထောင်ပြု,ခလေးမွေးကာဖြင့် ကုန်လွန်ရမည်တဲ့လား။
သူမ အိမ်မက်ကို ဒီထက်မကအောင်မြင်အောင်လုပ်ပြီး အမြင့်ဆုံးရောက်ချင်တာ သူမအလွန်မှမဟုတ်တာလေ။ဂျွန့်ကိုနားချနိုင်ခဲ့ပေမယ့်လည်း အဲ့ဒီအိမ်ကိုတော့ နောက်ထပ် သွားချင်စိတ်မရှိတာမို့ ဂျွန်တောင်းဆိုတိုင်း သူမငြင်းခဲ့မိတာ။
သူမတို့အသိုင်းဝိုင်းကလည်း ဂျွန်တို့ထက်မမြင့်ရင်တောင် အလယ်လတ်နေရာမှာ ရှိနေတာပါ။သူမအလုပ်ကို ထိပါးပြီး နှိမ့်ချမျိုးကိုတော့ တကယ်မကြိုက်တာမို့ မသွားချင်ခဲ့တာ။
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK