#Unicode
"Ring~ Ring~"မနက်အိပ်ယာနိုးနိုးချင်း လေ့ကျင့်ခန်းလုပ်နေခိုက် ဖုန်းမြည်လာတာမို့ နာဘီကောက်ကိုင်လိုက်သည်။
ဖုန်းမျက်နှာပြင်မှာ ပေါ်နေသည့် နာမည်လေးက ဂျွန် ဆိုတာကြောင့် သူမပြုံးမိသွားသည်။"ဟဲလို ဂျွန်....ကြားသားမိုးကြိုး ကျွန်မ ဆီ ဆက်သွယ်လို့ပါလား.."
နာဘီအသံခပ်မြူးမြူးက လေလှိုင်းထဲကနေ တစ်ဆင့် ဂျောင်ဂု နားထဲသို့ ရိုက်ခတ်လို့လာသည်။
အိပ်မပျော်သေးတာမို့ တောင်တွေးမြောက်တွေ လုပ်နေရင်း သူမဆီ ဖုန်းခေါ်ခဲ့တာ..."နိုးနေပြီလား.."
"အင်း နိုးနေတာ ကြာပြီ...လေ့ကျင့်ခန်းလုပ်နေတာလေ...ဂျွန်ရော ဘာလုပ်နေလဲ...အဲ့ဒီမှာဆို အတော်လေးနောက်ကျနေမယ့် အချိန်ပဲကို အခုထိ မအိပ်သေးဘူးလား..."
"အင်း ကိုယ် မျက်လုံး နည်းနည်းကြောင်နေလို့..."
"မဟုတ်မှလွဲ....ကျွန်မကို သတိရနေတာလား...?"
နာဘီရဲ့ မေးခွန်းကို ဂျောင်ဂု ချက်ချင်းပြန်မဖြေနိုင်ခဲ့။
သတိရတယ်ဆိုတာထက် အနေဝေးပြီး မဆက်သွယ်ဖြစ်တာများလို့ထင်ပါရဲ့...ဘာမှ ထွေထွေထူးထူးခံစားမှုတော့ ဖြစ်မနေဘူး။"အင်း.....ဟုတ်တယ်.."
"ဒါလေး ပြန်ဖြေဖို့တောင် ကြာနေလိုက်တာ ဂျွန်ရယ်...ကျွန်မကို အခုထိ စိတ်ဆိုးနေတုန်းပဲလားဟင်.."
"မဟုတ်ပါဘူး....ကိုယ် ဒီနေ့ အလုပ်ပင်ပန်းနေခဲ့လို့ပါ.."
"အဲ့ဒီလိုဆို တော်ပါသေးတယ်.....ကျွန်မကို မေ့ပြီး အသစ်မရှာရဘူးနော် ဂျွန်....ကျွန်မ ရှင့်ကို သိပ်ချစ်တာ သိတယ်မလား..."
"အင်းပါ......ဒါပဲနော် ကိုယ်အိပ်တော့မယ်...အစစအရာရာ ဂရုစိုက်ပါ.."
"အင်း....ဂရုစိုက်ပါ့မယ်....အာ မေ့တော့မလို့.....လာမယ့် သောကြာနေ့ညကျ ပြိုင်ပွဲရှိတယ်...Liveမို့ ဂျွန်လည်း ကြည့်နေရမယ်နော်..."
"ကောင်းပါပြီ...ကိုယ် မှတ်ထားပါ့မယ်..."
"ချစ်တယ် ဂျွန်.."
"အင်း....ဒါပဲနော်.."
ဖုန်းကို ချလိုက်ပြီးတော့ ပြန်လည်တိတ်ဆိတ်သွားသည့် အခန်းလေး...
အဲကွန်းမြည်သံ ခပ်တိုးတိုးကလွဲရင် ဘာသံမှ ထပ်ပြီးမကြားရသည်အထိ တိတ်ဆိတ်လို့နေသည်။
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK