#Unicode
ဒီနေ့ ဂျွန်အိမ်တော်တစ်ခုလုံး အပြုံးပန်းတွေ ဝေဆာနေသော နေ့လေးဖြစ်၏။
အိမ်ရှေ့ဆင်ဝင်အောက်သို့ ငြိမ့်ခနဲထိုးရပ်လိုက်သော ကားပေါ်မှ ဂျောင်ဂု အရင်ဆင်းလာကာ ဆန့်ကျင်ဘက်မှ တံခါးကို ဆွဲဖွင့်၍ ထယ်ယောင်းထံမှ သမီးငယ်ကို လက်လွှဲချီလိုက်၏။ဟုတ်ပါတယ်....ဒီနေ့က ဂျွန်အိမ်ရဲ့ တစ်ဦးတည်းသော မင်းသမီးလေး ဂျွန်အူဂျူ အိမ်သို့ပြန်လာသော နေ့ပါ။
အဖိုးနဲ့အဖွားအပြင် အိမ်တော်ထဲက ရှိသမျှ အလုပ်သမားတွေကပါ မင်းသမီးလေးကို ထွက်ကြိုနေကြတာ..."ရောက်လာကြပြီလား...."
မောင့် ဖေဖေနဲ့မေမေက အိမ်ရှေ့မှာတင် စောင့်ကြိုလို့နေကြတာမို့ ထယ်ယောင်း ဦးညွှတ်ကာ အရိုသေပေးလိုက်၏။
"နေကောင်းတယ်မဟုတ်လား အန်တီနဲ့ဥိီးလေးကြီး..."
"ကောင်းပါတယ် သားရေ.....ပြန်လာပေးခဲ့လို့ ကျေးဇူးတင်ပါတယ်.....ဒါလေးက ငါတို့မြေးလေး အူဂျူလေးလား.....ဖိုးဖိုးမြေးလေး လာပါဦးကွယ်....ကြည့်ပါရစေဦး..."
မောင့်လက်ထဲ၌ အိပ်ပျော်နေသော သမီးငယ်ကို လက်လွှဲယူပြီးနောက် တစိမ့်စိမ့်ကြည့်ရင်း ဦးလေးကြီးက မျက်ရည်ဝိုင်းနေခဲ့သည်။
ပထမဆုံးအကြိမ် တွေ့ရသော မြေးလေးကို ဦးလေးကြီးက ချစ်မဝဖြစ်နေခဲ့သည်။"မြေးလေးကို မတွေ့ရတော့ဘူး ထင်ထားခဲ့တာ....အခုနေများ သေရမယ်ဆိုရင်တောင် သေပျော်ပါပြီ..."
"အဖေကလည်း ဘာတွေလျှောက်ပြောနေတာလဲ..?အဖေ့မြေးလေးနဲ့အတူတူ အသက်ရှည်ရှည်နဲ့ အကြာကြီးနေသွားရမယ်လေ.."
မောင်က သူ့အဖေကို ဝင်ပြောတော့ ထယ်ယောင်းကလည်း ဘေးနားမှ စကားထောက်ပေးလိုက်၏
"ဟုတ်သားပဲ ဦးလေးကြီးရဲ့...အူဂျူလေးကို အများကြီးချစ်ပေးပြီး ကျန်းကျန်းမာမာနဲ့ရှိနေပေးပါ..."
"အဖေက သဘောအဖြစ်ပြောတာပါ....ငါ့မြေးလေးက ချစ်စရာကောင်းလိုက်တာ...မိန်းမရေ ကြည့်ပါဦး....အိပ်နေတာလေးက ဂျောင်ဂုငယ်ငယ်ကနဲ့မတူဘူးလား....?"
"ဟုတ်ပါရဲ့ရှင်....ကျွန်မတို့ မြေးမလေးက သိပ်ကို ချစ်ဖို့ကောင်းတာပဲ.."
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK