🌵9🌵

17.1K 2K 540
                                    

#Unicode
တဆစ်ဆစ်ကိုက်နေသောခေါင်းကို ဖိကိုင်ရင်း ဂျောင်ဂုနိုးလာခဲ့သည်။
အခန်းအနေအထားကို တစ်ချက်ဝေ့ကြည့်မိတော့ ကျွန်တော် Liam ဟိုတယ်မှာပဲ။

အင်္ကျီကပ်မနေသော ကိုယ်လုံးကိုတွေ့တော့ လူကဇဝေဇဝါဖြစ်လို့သွားရသည်။
အိပ်ယာနိုးခါစမို့ ကောင်းကောင်းအလုပ်မလုပ်သေးသောခေါင်းက ညက မန်မိုရီတွေကို မနည်းပြန်တွေးရ၏။
ညတုန်းက Liam နဲ့အတူတူသောက်နေရင်း ခံစားချက်တွေကို ရင်ဖွင့်နေမိသည်။
ခေါင်းတွေ ပေါက်ထွက်အောင်အထိသောက်ပြီး လူက ချာချာလည်နေခဲ့တာ...။

Liam တွဲခေါ်လာခဲ့တာကို သူမှတ်မိသည်။
ပြိီးတော့....ပြီးတော့ ဟိုကောင်လေး။
သူ့အသိစိတ်တွေ လုံးဝပျောက်မသွားခင်မှာ ထယ်ယောင်း ဆိုသည့် ကောင်လေးမျက်နှာကို တွေ့လိုက်ရတယ်လို့ထင်သည်။
ဒါပေမယ့် ပုံဖော်ကြည့်တော့လည်း ပုံရိပ်ကမပီမပြင်ရယ်နဲ့ သေချာမမှတ်မိပါ။
ခေါင်းထဲကြည်သွားသည့် အခါမှသာ ပြန်မှတ်မိနိုင်အောင် ကြိုးစားရမည်။

အတွေးနဲ့အတူတူ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်ကာ,ရေချိုးလိုက်ပြီးနောက် Bathrobe တစ်ထည်ကို ပတ်၍ ပြန်ထွက်လာခဲ့လိုက်သည်။
ရေအေးအေးနဲ့ကြာကြာလေးချိုးလိုက်တာမို့ ခန္ဓာကိုယ်က လန်းဆန်းသွားရ၏။
အနည်းငယ်ကြည်လင်သွားသော ခေါင်းက အိပ်ယာထစတုန်းကလောက် သိပ်မဆိုးတော့။

ခေါင်းမှရေစိုဆံပင်တွေကို ခြောက်အောင်သုတ်နေခိုက် မွေ့ယာပေါ်မှာတွေ့လိုက်ရသည့် အရာလေးတစ်ခုကြောင့် ဂျောင်ဂုမျက်ခုံးတွေ မြင့်တက်သွားရ၏
အနားသို့သွားကာ ကောက်ယူလိုက်တော့ နာမည်ကတ်ပြားလေးဖြစ်နေပြီး အနက်ရောင်မှင်နဲ့ ရေးထိုးထားသော နာမည်က ကင်မ်ထယ်ယောင်းတဲ့...။

ထိုနာနည်လေးမြင်တော့ ခေါင်းထဲမှာတရိပ်ရိပ်ဖြစ်ပြီး အနှေးပြကွက်လို  ပြန်မြင်လာခဲ့သော ညတုန်းကအဖြစ်အပျက်တွေ။

သူမူးနေခဲ့ပေမယ့်လည်း လုံးဝကြီးအိပ်ပျော်နေတာမဟုတ်တော့သိနေခဲ့သည်။နားထဲမှာ ခပ်တိုးတိုးခေါ်သံကို ကြားလိုက်ရပြီး ကျွန်တော့်ဆံပင်တွေကို ဖွဖွလေးသပ်ပေးနေသော အထိအတွေ့ကြောင့် မျက်လုံးတို့ဖွင့်ကြည့်မိတော့ မျက်လုံးညိုတွေကို တွေ့လိုက်ရသည်။

CACTUS....🌵[ completed ]Where stories live. Discover now