🌵15🌵

17.9K 2K 678
                                    

#Unicode
"1,2,3.. 1,2,3...."

တီးလုံးသံအလိုက်နဲ့အတူတူ ပါးစပ်ကနေလည်း  Timing ခေါ်ပေးနေသော Louis..။
ဒီတစ်ခေါက်ပြဇာတ်မှာ နာဘီနဲ့သူ အတူတူတစ်ဖွဲ့တည်းကျတာမို့ လေ့ကျင့်နေကြခြင်းပင်။

ခြေဖျားလေးထောက်လျက် ကိုယ်လုံးလေးကို ကျွမ်းကျင်စွာဖြင့် လှလှပပတစ်ပါတ်လှည့်လိုက်သော နာဘီက နာမည်လေးအတိုင်း လိပ်ပြာလေးတစ်ကောင်ပျံဝဲနေသလိုပင်။
Louis လက်ကမ်းပေးလိုက်တော့ သူမက ဆုပ်ကိုင်လိုက်ရင်း တစ်ပါတ်လည်ပြီး ရင်ခွင်ထဲဝင်လာခဲ့သည်။

ရင်ခွင်ထဲက နာဘီနဲ့ အကြည့်ချင်းဆုံမိတော့ Louis ရင်ခုန်သံသည်လည်း တဒိတ်ဒိတ်နဲ့....
ထိုပုံစံအတိုင်း အကြည့်ချင်းဆုံနေကြသည်မှာ အတော်ကြာကြာ...
Louis ရဲ့ အသိစိတ်တွေလွတ်ပြီး မျက်စိရှေ့က ဆိုးဆေးနီနီတင်ထားသော နှုတ်ခမ်းပါးကို ငုံ့နမ်းဖို့လုပ်တော့ နာဘီက မျက်နှာလွှဲလိုက်သည်။

"ခနလောက် နားကြရအောင်..."

နာဘီက ရေဘူးတွေထားသည့် နေရာဘက်သို့ ရှောင်ထွက်သွားတော့ Louis က ခပ်ဖွဖွပြုံးလိုက်မိသည်။
သူမမှာ ရည်းစားရှိတာသိပေမယ့် နှလုံးသားက ရင်ခုန်နေမိတာကိုတော့ ကျွန်တော်လည်း မထိန်းချုပ်နိုင်ဘူးလေ။
ဒီလပိုင်းလေးအတွင်းမှာ ဘယ်သွားသွား တစ်တွဲတွဲဖြစ်နေသော ကျွန်တော်တို့ကို လူတိုင်းက တွဲနေကြပြိီလားဟု စိတ်ဝင်စားလို့နေကြသည်။

"နာဘီ....ညနေကျရင် ချိန်းထားတာ ရှိလား.."

အနေရခက်နေသော အခြေနေက်ို Louis ကစတင်ဖြိုခွင်းလိုက်သည်။

"မရှိပါဘူး...ဘာဖြစ်လို့လဲ.."

"ဒါဆို ကိုယ်တို့ လေ့ကျင့်တာလည်း အပြီးသတ်သလောက်ရှိနေပြီမို့ စိတ်ပြေလက်ပျောက်အနေနဲ့ ကလပ်မှာ သွားကဲကြမလား.."

ကလပ်ဆိုသည့် စကားကြောင့် နာဘီနည်းနည်းတော့ စိတ်ဝင်စားသွားရသည်။
အခုတစ်လော ဘာကိုအလိုမကျဖြစ်နေမှန်းမသိသည့် စိတ်ကြောင့် ပင်ပန်းနေရတာတော့ အမှန်..။
ဂျွန်ကလည်း အခုတစ်လောသူမဘက်က ဆက်သွယ်ရင်တောင် မေးတစ်ခွန်းခေါ်တစ်ခွန်းထက်မပို။
အလုပ်မအားတာနဲ့ နေ့ညအချိန်လွဲတာနဲ့မို့ အေးဆေးစကားပြောဖြစ်သည်က ခပ်ရှားရှား။

CACTUS....🌵[ completed ]Where stories live. Discover now