🌵34🌵

16.8K 2K 553
                                    

#Unicode
LA မှ Korea သို့ပျံသန်းမည့် လေယာဥ်ပေါ်၌ နေရာယူထားပြီးပြီ ဖြစ်သော လီနာဘီ။
သူမလိုချင်မက်မောခဲ့သော အောင်မြင်မှုကို သူမကိုယ်တိုင်စွန့်လွှတ်ခဲ့ပြီးပြီ ဖြစ်သည်။
နှမြောစရာအဖြစ်ဆိုပေမယ့် ဘယ်လိုမှ မတက်နိုင်တဲ့ အခြေအနေပဲ မဟုတ်လား။
Louis ကသူမကို စီးပွားရေးအတွက် ခုတုံးလုပ်ထားတာကို သိခွင့်ရပြီးမှတော့ ထိုလိုလူအတွက် ထပ်ပြီး ဖြည့်ဆည်းပေးစရာအကြောင်းမှမရှိလေတော့ပဲ။
အောက်ကျခံပြီးကပ်တွယ်ခဲ့တာတောင် အမှိုက်တစ်ခုလို စွန့်ပစ်ခံခဲ့ရတဲ့ ကိုယ့်ဘဝကိုကိုယ် ရင်နာလို့မဆုံးဘူး။
ဆုပ်လည်းစူး စားလည်းရူးတဲ့ ဒီအခြေနေမှာ မွန်းကျပ်လွန်းတာမို့ ဒီနိုင်ငံကနေ ထွက်ပြေးချင်စိတ်သာ ဖြစ်မိသည်။

ဒါကြောင့် နှစ်နှစ်တာ စာချုပ်ကို သူမဘက်မှ အလျော်ပေး၍ စတင်ဖျက်သိမ်းခဲ့သည်။ဒီအောင်မြင်မှုကို မရတော့ပေမယ့် ကိုရီးယားမှာ သူမအရည်ချင်းနဲ့ဆို  ဘယ်နေရာပဲဖြစ်ဖြစ် ရပ်တည်လို့ရပါသေးတယ်လေ။

နောက်ပြီးတော့ ဂျွန်...။
ဂျွန်နဲ့ ဝေးဝေးမှာနေပြီးမှ သူ၏ မေတ္တာတွေကို သူမနားလည်ရသည်။သူမဘာလုပ်လုပ် အပြစ်မမြင်တက်ပဲ အမြဲတမ်း နားလည်ပေးသူကို သူမဘက်က လောဘဇောတွေဖြင့် ဆန့်ကျင်ပြီး ပြဿနာတွေကိုသာ ဖန်တီးမိခဲ့သည်။သူမ မှားခဲ့တာကို သိပေမယ့် အခုကိစ္စအတွက် အရှက်မရအောင် ဂျွန့်ကို လက်တွဲမှဖြစ်မည်။
ဂျွန်က သူမကို သိပ်ချစ်တာမို့ အပြစ်မြင်မှာ မဟုတ်ဘူး။

Louis ထိုလူယုတ်မာရဲ့ ကလေးကို မလိုချင်ပေမယ့် အပြစ်မဲ့တဲ့ ကလေးက်ိုဖျက်ချရတဲ့အထိတော့ သူမ မရက်စက်နိုင်ဘူး။လူကြီးတွေရဲ့ အမှားမှာ မြေစာပင်အဖြစ် လူတောင်မဖြစ်သေးတဲ့ ဖြစ်တည်မှုလေးကိုတော့ အပြစ်တွေ မခံယူစေချင်ပါဘူး။
မှားခဲ့တယ်ဆိုရင်တောင် လူသားဆန်ချင်ပါသေးသည်။

အခု သူမ ပြန်လာတာက လျစ်လျူရှုပြီး ပြဿနာဖြစ်ခဲ့သမျှတွေအတွက် ဂျွန့်ကို တောင်းပန်မယ်။
ပြီးရင် သူမတို့ နှစ်ယောက်အမြန်ဆုံးလက်ထပ်ကြမယ်။လက်ထပ်ပြီးမှ ဒီိကိုယ်ဝန်ကို အသိပေးလိုက်ရင် မြေးချီချင်တဲ့ ဂျွန့်ဖေဖေလည်း သဘောကျသွားလောက်မှာ။

CACTUS....🌵[ completed ]Where stories live. Discover now