#Unicode
"Hey!! ဒီနေ့ မင်း တာဝန်က ဒီအလွှာမှာလား..?"VIP အခန်းတစ်ခုမှ ဧည့်သည်ပြန်သွားတာမို့ ထယ်ယောင်း ထိုအခန်းအား ရှင်းရန်တာဝန်ကျသည်။လျှောက်လမ်းမှာ သွားနေတုန်း ကြားလိုက်ရသည့် အသံကြောင့်လှည့်ကြည့်မိတော့ CEOဖြစ်လို့နေ၏။
အလျင်အမြန် အရိုအသေပေးလိုက်ပြီးနောက် ခေါင်းကိုငုံ့ချထားမိသည်။"ကိုယ်က ကြောက်စရာကောင်းလို့လား..?"
"ဗျာ.."
သူပြောချင်တဲ့စကားကို နားမလည်တာကြောင့် ယောင်နနလေးဖြင့် ထူး လိုက်မိတော့..
"ဟုတ်တယ်လေ...မင်းက ကိုယ့်ကိုတွေ့ရင် အမြဲတမ်းခေါင်းငုံ့နေတော့တာလေ..."
"မဟုတ်...မဟုတ်ပါဘူး.."
စကားတွေထစ်နေသည့် ကောင်လေးကို Liam ပိုပိုပြီးစချင်မိသည်။အပြစ်ကင်းတဲ့ အညိုရောင်မျက်လုံးလေးတွေက သဘောကျချင်စရာကောင်းတယ်လေ။
"ကြောက်နေပါတယ်..."
Liam ကပြောပြောဆိုဆိုနဲ့ရှေ့တိုးတော့ ထယ်ယောင်းက နောက်ကို မသိမသာဆုတ်သည်။
Liam ကတိုးလိုက်,ထယ်ယောင်းက ဆုတ်လိုက်ဖြင့်နောက်ဆုံးမှာ ထယ်ယောင်းတစ်ယောက် နံရံနဲ့ကျောကပ်လို့သွား၏။"ဘာ...ဘာလုပ်တာလဲ..?"
ရှေ့ကနေ မဖယ်ပေးသည့် ထိုလူကြောင့် ထယ်ယောင်းမှာ အနေရခက်နေမိသည်။
တစ်ခြားသူဆို အော်ထုတ်မိမှာဖြစ်သော်လည်း CEOမို့ မပြောရဲပြန်။"ကိုယ့် နာမည် Liam....မင်းရဲ့ အလုပ်ရှင်ဆိုပေမယ့် မကြောက်ပါနဲ့...ကိုယ်က မင်းကို ခင်ချင်လို့ပါ.."
"ဘာလို့လဲ.."
မျက်လုံးလေးကို လှန်ကြည့်ကာဖြင့် ပြန်မေးသော ဒီကောင်လေးက သိပ်ကို အသည်းယားဖို့ကောင်းသည်။
မိမိထက်အရပ်နည်းနည်းပိုနိမ့်တာမို့ ဒူးကွေး၍ ကောင်လေးမျက်နှာကို သေချာကြည့်လိုက်ရင်း..."မပြောတက်ဘူး....မင်းက ချစ်စရာကောင်းလို့ ဖြစ်မယ်.."
ပါးလေးတွေ ရဲသွားသည်။
အိုးးးး ဒီကောင်လေးက တကယ့်ကို ချစ်စရာလေး။
နိုင်ငံခြားမှာ ကြီးပြင်းခဲ့သူမို့ အနောက်တိုင်းသူ,အနောက်တိုင်းသား အချောအလှတွေ ကို Liam တွေ့ဖူးပေမယ့်...ဒီကိုရီးယားမြေက အာရှသား အလှလေးကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။
တွေ့ဖူးသမျှ အလှတရားတွေထဲ ဒီကောင်လေးက ထူးခြားနေတာရယ်...
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK