#Unicode
"မင်းက ဘယ်သူလဲ..?"
သူမရဲ့ အမေးကို မဖြေပဲ ပြူးကြောင်ကြောင်နဲ့ရပ်ကြည့်နေသော ကောင်လေးတစ်ယောက်။
ထိတ်လန့်နေသော မျက်နှာနဲ့ ဒီအတိုင်းမှင်သေသေ ရပ်နေတာမို့ နာဘီ စိတ်ထဲ အလ်ိုမကျပါ။
ဒီကောင်လေးက ဘယ်သူလဲ? အရင်က ဒီအိမ်မှာ တစ်ခါမှ မတွေ့ဖူးပါဘူးဟု ခေါင်းထဲ၌လည်း ဆက်တိုက်အတွေးများနေမိသည်။
နောက်ပြီး ထိုကောင်လေးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။"သားရေ ဂျောင်ဂု မဟုတ်!"
အနောက်ကနေထွက်လာသော ဂျွန်၏ အမေက ပြောလက်စ စကားတွေရပ်တုန့်ကုန်သည်။
နာဘီလည်း မျက်နှာပေါ်မှာ အပြုံးတစ်ခုကို မြန်မြန်ဖန်တီး၍.."နေကောင်းတယ်မဟုတ်လား အန်တီ.."
"သြော်...အေး အေး နေကောင်းပါတယ်ကွယ်.....ဘယ်တုန်းက ပြန်ရောက်နေတာလဲ.."
"ဒီနေ့မနက်ပဲ ပြန်ရောက်တာအန်တီ....ဂျောင်ဂုက မပြောပြရသေးဘူးထင်တယ်..."
"အဲ့ဒီကောင်လေး ဘာမှမပြောဘူးရယ်..."
"ဂျောင်ဂုက သမီးကို နည်းနည်းစိတ်ဆိုးနေခဲ့လို့ အန်တီရဲ့...ဒါကြောင့် ဒီညနေထပ်လာလိုက်တာ.."
"သြော်.."
ဂျောင်ဂု မာမိီမှာ နာဘီကို အလိုက်ထိုက်စကားပြန်ပြောနေရင်းက ထယ်ယောင်းကို အကြည့်ရောက်မိတော့ မျက်နှာမကောင်းပဲ ရပ်နေဆဲဖြစ်သည့် ထယ်ယောင်းကြောင့်...
"ခနထိုင်နေဦးနော် နာဘီ.."
ထို့နောက် ထယ်ယောင်းကို လက်ဆွဲ၍ အပေါ်ထပ်တက်မည့် လှေကားဆီသို့ခေါ်လာခဲ့လိုက်သည်။
"သား အခန်းထဲမှာ ခနသွားနေလိုက်နော်...ဘာမှ လျှောက်မတွေးပဲ အူဂျူလေးအတွက်ပဲ စဥ်းစားပေး...အန်တီပြောတာကို နားလည်တယ်မလား.."
ထယ်ယောင်း ခေါင်းကိုသာ ငြိမ့်ပြလိုက်မိသည်။
ဘာပဲဖြစ်ဖြစ် အန်တီက သူ့ဘက်မှာ နည်းနည်းရှိတာမို့ စိတ်အေးရ၏။"ဟုတ်ကဲ့.."
တရွေ့ရွေ့နဲ့ အပေါ်ထပ်ဆီကို တက်သွားသည့် ကျောပြင်လေးကိုလိုက်ကြည့်နေရင်းမှ သူမ သက်ပြင်းချမိသည်။
ဒါက ဘယ်လိုအခြေနေကြီးလဲ။
နာဘီက ရုတ်တရက်ကြီး ပြန်ရောက်လာပြီး သူမသားရဲ့ဘဝကို ခြယ်လှယ်မှာကို တကယ် မလိုလားဘူး။
ESTÁS LEYENDO
CACTUS....🌵[ completed ]
Fanficကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK