#Unicode
"Hey!! Liam..."screen မှာပေါ်လာသော Loius က ကျွန်တော့်အား ခပ်မြူးမြူးလေး နှုတ်ဆက်သည်။
"Hi Louis!! နေကောင်းလား.."
"ကောင်းပါ့ကွာ...မင်းနော် ကိုယ့်သူငယ်ချင်းကို အဆက်သွယ်တောင်မလုပ်ဘူး.."
Liam ခေါင်းမော့ကာဖြင့် ရီလိုက်ရင်း...
"မအားလို့ပါကွာ...အခုတောင် အိမ်ရောက်ရောက်ချင်း မင်းဆ်ီကို ဖုန်းခေါ်တာပဲလေ.."
ရေချိုးပြိီးခါစ ရေစိုနေသော ဆံပင်ရှည်တွေကို သုတ်ရင်း vc ပြောနေရတာကြောင့် လက်မအားတာမို့ ဖုန်းအား stand ၌ထောင်ထားလိုက်သည်။
"ဟုတ်ပါပြီ...ငါက မင်းကို သတိရနေတာ ဘယ်လ်ိုလဲ ဘရားသား...ချစ်သူရနေပြီလား.."
"ဟေ့ကောင် မင်းက မင်းဆော်အကြောင်းပြောချင်လို့ ငါ့ကို Mail ပို့တာ မသိရင်ခက်မယ်..ပြော ကောင်မလေးက ဘယ်သူလဲ..."
Liam စကားထောက်ပေးလိုက်တော့ Louis က သွားဖြီး၍ သဘောကျနေသည်။
"ပြောမှာပေါ့ကွာ....သူမက အရမ်းလှတာ...အခုအနားမှာမရှိလို့ ရှိရင် ပြချင်တယ် သိလား...သူမက အရမ်းလည်းဆွဲဆောင်မှုရှိတယ်...အထူးသဖြင့် အိပ်ယာထဲမှာပေါ့.."
Louis ဒီကောင်ကတော့ နှာဘူးပဲ။
သူ့ကောင်မလေးအကြောင်းကို ပြောရင်း မျက်လုံးတောင်မှိတ်ပြနေသေးသည်။
ဒီကောင့် မိန်းကလေးသာသိရင်တော့ သွေးတက်နေလိုက်မယ့်ဖြစ်ခြင်း။
Louis ကအရင်တည်းက လူပွေတစ်ယောက်မို့ ခြေသွက်လက်သွက်ပဲ...။
ခေတ်စကားနဲ့ပြောရရင် စားဘဲကြီးပေါ့...ပြီးရင် ငြီးငွေ့တာနဲ့ ခါချတဲ့ကောင်..ပိုက်ဆံရှိတော့ ထည်လည်းတွဲတာပေါ့။"ဟ မင်းတို့ကလည်း မြန်တာ အဲ့အခြေနေထိတောင် ရောက်နေပြီလား...ဒါနဲ့ အဲ့ကိစ္စတွေပါ လာပြောပြနေတာက ရည်းစားရှိတယ်ဆိုပြီး မင်းငါ့ကို နှိမ်တဲ့ သဘောလား.."
"ဟားးဟားးးဟားးး မဟုတ်ရပါဘူးကွာ...ဒါနဲ့ နေပါဦး...Playboy ကြီးက အခုထိ တွဲရမယ့်သူမရှိတာတော့ မဟုတ်သေးဘူးနော်...ဘာလဲ ကိုရီးယားက ကောင်မလေးတွေကို အကြိုက်မတွေ့ဘူးလား..."
ထိုစကားကြောင့် Liam တစ်ချက်ပြုံးမိတော့ Louis က...
"ဒီမျက်နှာအနေအထားအရ တစ်ခုခုတော့ ရှိနေပုံပဲ.."
VOCÊ ESTÁ LENDO
CACTUS....🌵[ completed ]
Fanficကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK