#Unicode
"ထယ်ယောင်း.."
သမီးရဲ့ အဝတ်တွေကို လှမ်းနေတုန်း ကြားလိုက်ရသည့် ခေါ်သံကြောင့် ထယ်ယောင်း တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။
နောက်ကျောဆီမှ အသံပိုင်ရှင်ကို ထယ်ယောင်း လှည့်မကြည့်ရဲပါ။
အေးစက်လာသော လက်ဖျားတွေကို လက်သီးဆုပ်အသွင်ပြောင်း၍သာ မလှုပ်မယှက်ဖြင့် ရပ်နေမိဆဲ...။ထိုခေါ်သံနဲ့တင် ရင်ဘတ်ထဲက နှလုံးသားဟာလည်း တစ်စက်လေးမှ အငြိမ်မနေပဲ ခုန်ပေါက်လို့နေတော့သည်။
"ထယ်ယောင်း...."
ဒုတိယအကြိမ် ခေါ်သံကြားပြီးချိန်မှာတော့ ထယ်ယောင်း ထိုနေရာကနေ လှည့်ထွက်ရန်ပြင်လိုက်သည်။
သို့သော် တင်းကျပ်စွာ ဖမ်းဆုပ်ခံလိုက်ရသည့် လက်ကောက်ဝတ်ကြောင့် ခရီးက လိုရာမရောက်ခဲ့ပါ..။"မသွားပါနဲ့....ကိုယ်...ဟင့်အင်း မောင် တောင်းပန်ပါတယ်...မောင့်ကို ခွင့်လွှတ်ပေးပါ..."
သူ့ကိုယ်သူ မောင်လို့ သုံးနှုန်းနေပြန်တာက ဘာသဘောလဲ။
ကျွန်တော် သတ်မှတ်ထားတဲ့ အခေါ်ဝေါ်ဆိုပေမယ့် ခင်ဗျား ကိုယ်တိုင်သုံးလို့ရတယ်လို့ ကျွန်တော် ခွင့်ပြုပေးဖူးလို့လား..?"လွှတ်ပေးပါ...ကျွန်တော်နဲ့ခင်ဗျားရဲ့ကြားမှာ ပက်သက်စရာအကြောင်းမှ ရှိမနေတော့ပဲ.."
"မဟုတ်ဘူး ထယ်ယောင်း....မောင့်မှာ ပြောစရာတွေရှိတယ်...ခနလေးပဲ အချိန်ပေးပါ...မောင် တောင်းဆိုတာပါ.."
ဘာတွေများကောင်းခဲ့လ်ို့ လူကိုတောင်းဆိုပြီး အခွင့်အရေးလိုချင်နေရတာလဲ..?
"လွှတ်ပေးပါ....ကျွန်တော် အထဲဝင်တော့မယ်.."
လက်ထဲကနေ အတင်းရုန်းထွက်နေတာမို့ ဂျောင်ဂုလွှတ်ပေးလိုက်မိသည်။
အားထည့်ပြီး ဆက်ဆွဲထားရင် နာသွားမှာစိုးတာကြောင့်ပါ။
မောင် မင်းကို ရှာတွေ့ခဲ့တာ နောက်ကျသွားပြီလား ထယ်ယောင်းရယ်။"သားရယ် မင်းကလည်း မြန်လိုက်တာ.....မာမီနဲ့အတူတူဝင်ပါမယ်ဆိုတာကို မင်းမှနားမထောင်တာ....အခုထယ်ယောင်းက အတွေ့မခံဘူးလား.."
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK