#Unicode
"ထယ်ယောင်းရော ဆင်းမလာသေးဘူးလား.."
မနက်စာစားရန်အတွက် ထမင်းစားခန်းထဲဝင်လာတော့ ချက်ပြုတ်နေသော အဒေါ်ကြီးနဲ့အိမ်အကူကောင်မလေးကိုသာ တွေ့ရတာမို့ ဂျောင်ဂုမေးလိုက်တော့ ကောင်မလေးက နားမလည်သည့်ပုံစံဖြင့် ပြန်ကြည့်ခြင်းကိုသာ ခံလိုက်ရသည်။
ကျွန်တော် မေးတာ ဘာများနားမလည်စရာပါလို့လဲ..?"ဘာကြည့်နေတာလဲ....ငါမေးတာ မရှင်းလို့လား..?"
"မဟုတ်ပါဘူးရှင့်..ဟို မနိုးသေးဘူးထင်တယ် သခင်လေး.."
ကျွန်တော် ငေါက်တော့မှ အိမ်အကူကောင်မလေးက ပျာပျာသလဲဖြင့် ဖြေ၏။
"ဟုတ်လား....ဒါဆို သွားခေါ်လိုက်ပါဦး...အာ...မဟုတ်သေးဘူး...ငါပဲ သွားခေါ်လိုက်မှာမို့ မနက်စာကိုသာ အဆင်သင့်ဖြစ်အောင်ပဲ လုပ်ထားပါ.."
"ဟုတ် သခင်လေး.."
အိမ်အကူကောင်မလေးက ပါးစပ်အဟောင်းသားဖြင့် ဂျောင်ဂုအား မျက်စိတစ်ဆုံးလိုက်ကြည့်သည်။
အပေါ်ထပ်ရောက်သွားတာသေချာမှ အဒေါ်ကြီးနားကပ်၍.."အဒေါ်ကြီး သခင်လေးက ဒီနေ့ထူးဆန်းနေတယ်နော်.."
"ဘာတုန်း ကလေးမရဲ့.."
"အရင်ကဆို သခင်လေးထယ်ယောင်းနဲ့ မနက်စာ အတူတူစားဖို့မပြောနဲ့ မျက်နှာချင်းတောင်ဆိုင်ကြတာမဟုတ်ဘူးလေ...အခုကျ ကိုယ်တိုင်လည်းသွားနှိုးနေတာ....ထူးဆန်းတယ်မဟုတ်လား.."
ကောင်မလေးစကားက မှန်သင့်သလောက်မှန်တာမို့ သူမလည်း ငြိမ်နေမိသည်။
သခင်မကြီးပြောပြထား၍ ထယ်ယောင်းဆိုသည့် ကောင်လေးမှာ သခင်လေးနဲ့ရတဲ့ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို သိထားပါသည်။
ဒါပေမယ့် သခင်လေးဂျောင်ဂုက ထယ်ယောင်းကို စကားပြောဖူးတာလည်း သိပ်မတွေ့ဖူးသလို တစ်အိမ်တည်းတူတူနေနေပေမယ့် မျက်နှာချင်းဆိုင်တွေ့တယ်ဆိုတာ ခပ်ရှားရှားလေ။
အခြေနေတွေကို ကြည့်ရုံနဲ့ သာယာသော ဆက်ဆံရေးမဟုတ်ဘူးဆိုတာကိုလည်း ရိပ်မိပါသည်။အဲ့လိုမျိုး မျက်နှာထားတည်တည်နဲ့သာနေတက်တဲ့ သခင်လေးက အခု ထယ်ယောင်းကို ရှာပြီး မနိုးသေးတာကိုတောင် သွားနှိုးနေတယ်ဆိုတော့ ထူးဆန်းနေတာလည်း အမှန်ပါပဲ။
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK