#Unicode
ရေချိုးခန်းထဲ၌ ရှိနေသော လီနာဘီ...။
မှန်ထဲမှာ ပေါ်နေသော သူမရဲ့မျက်နှာသည် မယုံကြည်နိုင်ခြင်းတွေ,အံ့သြခြင်းတွေနဲ့ရောယှက်လို့နေပြီး တုန်လှုပ်နေသည့် အသွင်ပြင်ဖြင့် ရှိနေသည်။
လက်ဝါးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည့် ကိုယ်ဝန်စမ်းသပ်သည့် အရာလေးသာ ပါးပါးလေးဆိုလျှင် ကျိုးသွားတာ ကြာလှပြီပေါ့။နေရထိုင်ရတာ တစ်မျိုးဖြစ်နေ၍ စမ်းသပ်ကြည့်လိုက်တော့ မထင်ထားသည့် အဖြေက တိကျစွာဖြင့် ထွက်လာသည်။
အမြင်မှားတာ ဖြစ်ပါစေဟု ဆုတောင်းမိသော်လည်း မျဥ်းနီလေးနှစ်ကြောင်းက သူမအား လှောင်ပြောင်လို့နေ၏။Louis ကို အသုံးချဖို့ ပေးဆပ်ခဲ့ပေမယ့် ဒီအထိတော့ မတွေးခဲ့မိတာမို့ အကျပ်ရိုက်ရပြီ။
ဒါပေမယ့်လည်း Louis က လက်ခံပေးမှာပါ။Louis က သူမအပေါ်မှာ အရမ်းကို ဂရုစိုက်တယ်လေ။
ဒီကိစ္စကိုသာ ဖွင့်ပြောပြပြီး လက်ထပ်လိုက်ရင် ဒီအောင်မြင်မှုရော,ဒီအသိုင်းဝိုင်းကပါ သူမအတွက်ပဲ ဖြစ်သွားမှာ။
ဒီသတင်းကောင်းကို Louis ကို အမြန်ပြောပြရမှာပေါ့...။သူမတွေးလိုက်ပြီးနောက် ကြည်နူးစွာဖြင့် Louis ထံဖုန်းခေါ်ဆိုလိုက်သည်။
ဖုန်းဝင်သွားခဲ့ပေမယ့် ကိုင်မယ့်သူမရှိတာကြောင့် ဆက်သွယ်လို့မရခဲ့...။ကြည့်ရတာ သူငယ်ချင်းတွေဆီရောက်နေပြန်ပြီ ထင်တယ်။
နောက်နေ့မှပဲ ပြောပြတာပေါ့လို့ တွေးပြီးနောက် သူမကိုယ်တိုင်ဖန်တီးထားသော စိတ်ကူးယဥ်ကမ္ဘာလေးထဲ၌ ပျော်စရာအတွေးတို့ဖြင့် ပျော်မွေ့လို့နေလေ၏။ကြည်နူးစိတ်ကြောင့် နှုတ်ခမ်းပါးတို့မှာအပြုံးက ခပ်သဲ့သဲ့...။
.
.
.
.
.
.
."ဒေါက် ဒေါက် ဒေါက်.."
အိပ်ပျော်နေသော ဂျောင်ဂုနားထဲ တွင် တံခါးခေါက်သံ ခပ်တိုးတိုးကို ဆက်တိုက်ကြားနေရတာမို့ နိုးလာခဲ့သည်။
အိပ်မှုံစုံမွှားဖြင့် နံရံက နာရီကို မော့ကြည့်မိတော့ မနက်တစ်နာရီ။
ဒီအချိန်ကြီး နားကြားများမှားလေသလားဟုထင်ကာ မျက်လုံးပြန်မှိတ်မိတော့ ထပ်ကြားလိုက်ရပြန်သည့် တံခါးခေါက်သံကြောင့် အိပ်ယာထက်မှဆင်း၍ တံခါးကို သွားဖွင့်လိုက်သည်။
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK