🌵46🌵

18.3K 1.9K 268
                                    

#Unicode
"အဒေါ်ကြီး..! ကျွန်တော် ဒီမှာပါ.."

ကော်ဖီဆိုင်ထဲ၌ ဝေ့ဝဲရှာနေသော အဒေါ်ကြီးကို ဂျောင်ဂုလက်လှမ်းပြလိုက်တော့ ခပ်သုတ်သုတ်လျှောက်၍ အနားသို့ရောက်လာသည်။

"အလုပ်ချိန်လည်းမဟုတ်ပဲ အချိန်မတော်ကြီး မှ ခေါ်လိုက်ရလို့ တောင်းပန်ပါတယ် အဒေါ်ကြီး. တစ်ခုခု သောက်ပါဦး ကျွန်တော်မှာပေးမယ်.."

"နေပါစေ သခင်လေး...မသောက်တော့ပါဘူး.."

"အိမ်မှာမဟုတ်လို့ သက်တောင့်သက်သာပဲ ပြောပါ...အဒေါ်ကြီး ကျွန်တော် အဆင်ပြေပါတယ်....အခု ချိန်းလိုက်ရတာကလည်း ကျွန်တော် သ်ိချင်နေတာလေးကို မေးကြည့်ချင်လို့ပါ..."

"ရပါတယ်..အဒေါ်ကြီးလည်း ပြောစရာရှိနေတာမို့ မောင်ရင်ချိန်းတော့ ဝမ်းသာသွားတာပါ..."

"ဟုတ်ကဲ့ အဒေါ်ကြီး...ကျွန်တော် ရိပ်မိသင့်သလောက် ရိပ်မိနေတာမို့ အဒေါ်ကြီးက အမှန်တိုင်းပြောပေးရင် ကျေးဇူးတင်မိမှာပဲ..."

ဂျောင်ဂုပြောတော့ အဒေါ်ကြီးက သူမလက်ကိုင်အိတ်ထဲက စာရွက်တစ်ခုကို ထုတ်ပေးလာတာမို့ ဆွဲယူကြည့်လိုက်တော့ DNA အဖြေစာရွက်ပင်။

"ဒါက အဒေါ်ကြီးဆီမှာ ဘယ်လိုလုပ်ရှိနေခဲ့တာလဲ..?"

"အမှန်တော့ မမလေး နာဘိီကိုယ်တိုင် မီးရှို့ခိုင်းခဲ့တာပါ....တကယ်တမ်းအဒေါ်ကြီး တစ်ခုမှနားမလည်ပေမယ့်လည်း မောင့်ရင်နာမည်နဲ့ရောက်လာတာကို မမလေးက ဖျက်ဆီးခိုင်းလို့ စိတ်ထဲထင့်ပြီး ခိုးသိမ်းထားခဲ့တာပါ...မောင်ရင့်ကို  လိမ်ပြောမိခဲ့တာအတွက်ကိုတော့ တောင်းပန်ပါတယ်.."

"မဟုတ်တာပဲ....အဒေါ်ကြီး လုပ်ရပ်က မှန်ကန်ခဲ့ပါတယ်....ကျွန်တော့် ဘဝနဲ့ဆိုင်တဲ့ သက်သေကို အဒေါ်ကြိီးက ထိန်းသိမ်းပေးခဲ့တာပါ...ကျွန်တော် ဒိီကျေးဇူးကို တစ်သက်လုံး မမေ့ပါဘူး..."

အဒေါ်ကြိီးက ဂျောင်ဂုအား ကျေးဇူးတင်သော မျက်လုံးတို့ဖြင့်ကြည့်နေပြိီးမှ..

"ဒီလိုပြောတာ စည်းကျော်မလားမသိပေမယ့်....အဒေါ်ကြီး အတင့်ရဲပြီး ပြောပါရစေ.."

CACTUS....🌵[ completed ]Where stories live. Discover now