#Unicode
"တကယ်ပဲ မောင်နဲ့ ပြန်မလိုက်ဘူးလား..."သုံးရက်လုံးလုံး ဒီမှာနေပြီးမှ အခု ဆိုးလ်က အိမ်သို့ပြန်ခါနီးမှာ ကပ်ရစ်နေသည့် မောင်...
မေမေလည်း ညနေကျပြန်လာမည်ဟုဖုန်းဆက်ထားတာကြောင့် ပြန်ဖို့လုပ်နေခြင်းပင်။"ကျွန်တော် မေမေနဲ့ထပ်ပြီး နေချင်သေးလို့ပါ.."
"အဲ့ဒီတော့ ဟိုမှာ မောင်က မင်းနဲ့သမီးကို လွမ်းနေရလည်း အဆင်ပြေတယ်ပေါ့...."
စကားနာထိုးကာဖြင့် ထယ်ယောင်းကို ရစ်နေသည့် မောင်ဟာ တကယ် ဆိုးပါသည်။
အနိုင်ယူနေတာမျိုးလည်းမဟုတ်ပဲ သူဖြစ်ချင်တာကို မရမကပူဆာနေပုံက ကလေးနဲ့ပင်တူနေသောကြောင့် ထယ်ယောင်း ရီချင်မိသည်။"မောင် က ကလေးလား....ဘာလို့ ဂျီကျနေတာလဲ ?..."
"မောင် ဂျီမကျပါဘူး....မင်းကို မခွဲနိုင်လို့ ပြောနေတာ..."
ပိုကိုပိုလွန်းသည့် မောင်တစ်ယောက်ပါရယ်...။
"ဆိုးလ်နဲ့ဒီက အဝေးကြီးမှ မဟုတ်တာ...မောင် လာချင်ရင် အနီးလေးပါပဲ..."
ဂျောင်ဂု သက်ပြင်းသာ ချမိတော့သည်။
အနားမှာပဲရှိနေစေချင်ပါတယ်ဆိုမှ အမျိုးမျိုးအကြောင်းတွေဖြစ်နေပြန်ရော။"ဒါဆိုလည်း မောင် အချိန်အားရင်အားသလို ခနခနလာမှာနော်..."
"အဲ့လိုလုပ်လည်းရတယ်....ပြီးတော့ တစ်နေ့က မောင့်ကို ပြောပြထားတဲ့ အကြောင်းကိုလည်း ကျွန်တော် အကောင်ထည်ဖော်ရဦးမယ်လေ.."
ထယ်ယောင်း ပြောပြထားသည့် အကြောင်းဆိုတာက Liam က်ိစ္စပင်ဖြစ်၏။
ကျွန်တော်နဲ့ထယ်ယောင်းသာ ပြန်ပြီး ပေါင်းစည်းသွားတဲ့အခါ နာကျင်ရမယ့်သူက Liam မို့ ကျွန်တော့်ရဲ့နတ်သားလေးက အချိန်ပေးပြီး နှစ်သိမ့်ပေးချင်ပါသေးသည်တဲ့။
အမှန်တိုင်းပြောရရင် ကျွန်တော်နဲ့သူဝေးနေချိန်တုန်းက ထယ်ယောင်းတစ်ယောက် Liam အား ချစ်မိသွားမှာကို စိုးရိမ်ခဲ့မိသည်။
ဒါပေမယ့် အခုတော့ကျွန်တော်ထင်ထားသလို မဟုတ်ပဲ ပွင့်ပွင့်လင်းလင်းပြောပြလာသည့် ထယ်ယောင်းကြောင့် ဂျောင်ဂု ပျော်ရပါသည်။
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK