🌵32🌵

16.8K 2K 435
                                    

#Unicode
" ဟုတ်ကဲ့ မာမီ...ကျွန်တော် ဂရုစိုက်ပါ့မယ်...စိတ်ချပါ...ကျွန်တော်က Liam ပါဗျာ.."

SkyBlue သို့ မာမီ၏ အထူးဧည့်သည်လာရောက်၍ တည်းခိုမှာမို့ Liam အား သေချာဧည့်ဝတ်ကျေပွန်ရန်အတွက် မာမီက လှမ်းမှာနေခြင်းပင်။

"ကျွန်တော် နေကောင်းပါတယ်..စိတ်မပူပါနဲ့...နွေရာသီအားလပ်ရက်ကျမှ လာခဲ့ပါ့မယ်....ဟားးးမဟုတ်ပါဘူး မာမီရာ...မာ့မီသားကိုဒီမှာ ကြိုက်မယ့်သူမရှိပါဘူး..."

Liam အပြောကြောင့် တစ်ဖက်မှ မာမီက အသံထွက်သည်အထိ ရီတော့သည်။
ပြီးတော့ ပြောလိုက်သေး..မယုံပါဘူး တဲ့။
အင်းလေ..ဟုတ်တော့လည်း ဟုတ်၏။US မှာနေတုန်းကဆို Liam အိမ်ခေါ်လာတဲ့ ကောင်မလေးတွေက တစ်ယောက်မကတော့ မာမီက ဒီစကားကို ဘယ်ယုံပါ့မလဲ?
မာမီက အနောက်တိုင်းသွေးနှောသောကျွန်တော့်ကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားတာမို့ အများကြီးတွဲတာကိုလည်း အပြစ်မပြောပါ။
ဒါပေမယ့် သူများသားသမီးကို နစ်နာအောင်အထိ မလုပ်ဖို့တော့ အမြဲဆုံးမတက်သည်။
Liam ကလည်း နားထောင်သူမို့ ပွေရှုပ်ပေမယ့် နာမည်ပျက် တစ်ခါမှမရှိခဲ့။

"တကယ်ပြောတာပါ မာမီရာ..ဒါပဲနော် မာမီ...ကျွန်တော် နောက်မှ ပြန်ဆက်သွယ်လိုက်ပါ့မယ်...ကျန်းမာရေး ဂရုစိုက်ပါ...ဒယ်ဒီကိုလည်း သတိရတယ်လို့ ပြောပေးဦး....ချစ်တယ် မာမီ.."

ဖုန်းလိုင်းပြတ်သွားခဲ့ပေမယ့် မရပ်တန့်နိုင်သေးက Liam အတွေးတွေ။
ကြိုက်မယ့်သူမရှိတာ မဟုတ်ပဲ ချစ်နေမိတဲ့သူက ပြန်မချစ်နိုင်တာကို သိသိရက်နဲ့ မစွန့်လွှတ်နိုင်ဖြစ်နေတဲ့ ကျွန်တော့်အဖြစ်ကို မာမီသိရင် မျက်ရည်ကျသွားမလားပဲ။

အချိန်တိုင်းလွမ်းပြီး ရင်နဲ့မဆန့်အောင်ချစ်နေမိလည်း သူက ကျွန်တော့်အပိုင် မဖြစ်နိုင်တာ ဘယ်ဘဝက ဝဋ်ကြွေးတွေပါလိမ့်နော်။

ထိုအချိန် ဖုန်း၌ Noti တက်သံကို ကြာလိုက်ရတာမို့ Liam ဖွင့်ကြည့်မိတော့ Louis က IG မှာ ပုံတင်ထားတာဖြစ်နေ၏။
Caption က /မကြာခင်မှာ ကျွန်တော့်အပိုင် ဖြစ်လာမယ့် အမျိုးသမီးလေး /တဲ့..။
ပုံထဲက၌ Louis လက်ကိုတွဲ၍ ရီမောနေသူ မိန်းကလေးက နာဘီတော့မဟုတ်ခဲ့။
ဘာလားဟ...ဒီကောင် အသစ်ထပ်တွေ့သွားတာလား?
ပုံက 2 ပုံတင်ထားတာမို့ ဒုတိယပုံကို ကြည့်မိတော့ ဆင်တူလက်စွပ်ဝတ်ထားသော လက်နှစ်ဖက်ပုံကို တွေ့တော့ မှLiam သဘောပေါက်သွားရပြီ။
ဒါက ဒီမိန်းကလေးနဲ့ မကြာခင်လက်ထပ်တော့မည့် အနေအထားပဲမဟုတ်လား။ကြည့်ရတာ နာဘီကို ရိုးသွားပြီမို့ ကန်ထုတ်လိုက်ပြီထင်ပါရဲ့။
Louis acc ကိုကြည့်မိတော့ လိုင်းပေါ်ရှိနေတာမို့ စာပို့လိုက်သည်။

CACTUS....🌵[ completed ]Tahanan ng mga kuwento. Tumuklas ngayon