#Unicode
အလုပ်စားပွဲမှာ ထိုင်ရင်း အတွေးများနေမိသူက ဂျောင်ဂု..။
ဒီရက်ပိုင်းအတွင်း အတော်လေးကို အတွေးတွေ ပြန့်ကျဲလို့နေသည်။ဟိုနေ့ညက ထယ်ယောင်းကို ပြန်လိုက်ပို့ပြီး အိမ်ပြန်ရောက်သည်အထိ မူမမှန်သော ကျွန်တော့်စိတ်တွေက နောက်ရက်တွေထိ ကယောင်ချောက်ခြားဖြစ်လို့နေ၏...။
ညစဥ်ညတိုင်း အိပ်ယာထဲရောက်သည်အထိ တော်တော်နဲ့ တွေးလို့မပြီးနိုင်တာမို့ အိပ်ယာဝင်နောက်ကျခဲ့ရသည့် ရက်တွေ ဆက်လို့နေပြီ..။
အဲ့နေ့က ထယ်ယောင်းဟာ သူ့ရင်ခွင်ထဲမျက်နှာအပ်၍ ရှိုက်ကြီးတငင်ငိုနေခဲ့တာ အချိန်တော်တော်ကြာကြာ...
ငို့လို့လည်း ဝရော နှာခေါင်းတရှုံ့ရှုံ့ဖြင့် နှုတ်ဆက်ပြီး အိမ်ထဲပြေးဝင်လို့သွားသည်။
ကျွန်တော့်မှာသာ လူက အူလည်လည်ဖြင့် လမ်းမပေါ် ကျန်နေခဲ့ရသည်။အပြန်လမ်းတစ်လျှောက်လုံးမှာလည်း ကောင်လေးပြောတာတွေကို ကြားယောင်မိရင်း အဖြေရှာနေမိတာ အကြိမ်ကြိမ်အခါခါ။
သိစိတ်မှာ သဘောမကျဘူးဆိုပြီး ဟစ်ကြွေးနေခဲ့ပေမယ့် မသိစိတ်ထဲတော့ သဘောကျချင်သလိုလိုဖြစ်နေမိသော ခံစားချက်က အတော်လေးကို ကသိကအောက်နိုင်လှသည်။မျက်ဝန်းညိိုညိုတွေကို ပြန်တွေးမိတိုင်း ရင်ထဲမှာ တစ်စုံတစ်ခုလစ်ဟာနေခဲ့သလို ခံစားချက်ကရော ဘာကြီးလဲ..?
အားးးတော်ပြီ ဆက်မတွေးချင်တော့ဘူး။ဂျောင်ဂုအတွေးတို့အား ဖြတ်တောက်ပေးလိုက်သည့် ဖုန်းမြည်သံ...
နိုင်ငံခြား အဝင်ခေါ်ဆိုမှုနံပါတ်ကို တွေ့လိုက်ရတာမို့ နာဘီမှန်း သိလိုက်သည်။"ဟဲလို.."
"ဟဲလို ဂျွန်....ဘာလုပ်နေလဲ.."
"ကိုယ် အလုပ်ထဲမှာပါ.."
တစ်ပါတ်ပြည့်မှ ဆက်သွယ်လာခဲ့သော နာဘီ...။
ဟိုရောက်ရောက်ချင်း ဖုန်းခေါ်ရင် အဆင်မပြေမှာစိုး၍ ဂျောင်ဂုဘက်က အလိုက်တသိနဲ့နေပေးခဲ့တာ...
သူမကတော့ သူ မခေါ်ရင်မခေါ်ပဲ ယခုမှ ဆက်သွယ်လို့လာ၏။
နေ့ည ပြောင်းပြန်ဖြစ်နေသော နိုင်ငံအခြေနေကြောင့် အတော်လေးတော့ စိတ်ရှုပ်ဖို့ကောင်းသား။
သူမက နေ့ဆို ကျွန်တော်က ညဖြစ်နေပြီး သူမအိပ်စက်နေချိန် ကျွန်တော်က အလုပ်လုပ်နေပြီဖြစ်၏။
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK