🌵47🌵

19K 2K 147
                                    

#Unicode
"ဂျွန်ဂျောင်ဂုရှီး!!...ဟုတ်ပါတယ်နော်.."

အစည်းအဝေးခန်းမဆီသို့ ဦးတည်သွားနေတုန်း မိမိနာမည်က်ိုခေါ်သံကြောင့် ဂျောင်ဂုလှည့်ကြည့်မိတောါ အနောက်တိုင်းဆန်သည့် မျက်နှာပေါက်နဲ့ လူငယ်တစ်ဦး။
ဒါပေမယ့် စောနက ကျွန်တော့်ကိုခေါ်တုန်းကတော့ ကိုရီးယားစကားဖြင့် ပိီပီသသခေါ်လိုက်တာမို့ သွေးနှောဖြစ်လောက်သည်ဟု ယူဆလိုက်ကာ..

"ဟုတ်ကဲ့.....ဘယ်သူပါလဲ..?"

မြင်ဖူးသလိုလိုရှိသည့် မျက်နှာဖြစ်ပေမယ့် စဥ်းစားမရတာကြောင့် မေးလိုက်တော့..

"တွေ့ရတာဝမ်းသာပါတယ်...ကျွန်တော့် နာမည်က လီဂျွန်းပါ...ဒီက ဂျောင်ဂုရှီး မသိသေးတဲ့ အမှန်တရားတစ်ခုကို ပြောပြချင်လို့ပါ.."

"ကျွန်တော့်ကို..?ဒါနဲ့ ခင်ဗျားကိုကျွန်တော် အခုမှတွေ့ဖူးတယ်ထင်တာပဲ.."

တစ်ခါမှ မတွေ့ဖူးသည့် သူစိမ်းက ပြောစရာရှိတယ်ဟုဆိုနေတာကြောင့် ဂျောင်ဂု အံ့သြမိရသည်။

"စိတ်မရှိပါနဲ့....ကျွန်တော် ရှင်းပြတာ လောသွားတယ်.....လီနာဘီ ကိစ္စအတွက် ကျွန်တော်ရောက်လာခဲ့တာပါ..."

လီနာဘီဆိုသည့် သူမနာမည်ကြောင့် ဂျောင်ဂုမျက်ခုံးတို့မြှင့်တက်သွားပြီး တစ်လက်စတည်း မျက်စိရှေ့က လူက်ိုပါ အာရုံထဲမှတ်မိသလိုလိုရှိ၏။
စတိတ်စင်ပေါ်မှာ နာဘီပါးကို နမ်းလိုက်တဲ့ လူပဲ...။

"ဒါဆို ခင်ဗျားက LA Dance သင်တန်းကျောင်းက တစ်ယောက်ပေါ့.."

"ဟုတ်ပါတယ်...ကျွန်တော်ပြောပြစရာရှိတာမို့ အချိန်ပေးနိုင်မလား..."

"ကောင်းပြီလေ....ဒါဆို ကျွန်တော့်ရုံးခန်းထဲ သွားကြတာပေါ့.."

ရုံးခန်းထဲမှာ တစ်ယောက်တည်းရှိနေသော ဂျောင်ဂုထံမှ သက်ပြင်းချသံက တိတ်ဆိတ်နေသောအခန်းထဲ၌ တိုးထွက်လို့လာသည်။
လီဂျွန်းဆိုသည့်လူ ပြောပြသွားသည့်အကြောင်းအရာတွေကို နားထောင်ရင်း ခံပြင်းလွန်းလို့ ဒေါသထွက်ခဲ့ရသည်။

ထိုဒေါသတွေကြောင့် အားပြင်းပြင်းလက်သီးတစ်ချက်ကိုတော့ လီဂျွန်းအတွက် လက်ဆောင်ပေးလိုက်သည်။
ယောင်္ကျားတန်မဲ့ မိန်းကလေးတစ်ယောက်ဆီက လိုတာရပြီးမှ တာဝန်မယူပဲ လက်လွတ်စပါယ် ပစ်ချခဲ့တဲ့ စက်ဆုပ်စရာ အကျင့်ကြောင့်ပါ။
သူ့ကြောင့် နာဘီလည်း ဒုက္ခရောက်ရသလို အပြစ်မရှိတဲ့ ထယ်ယောင်းလည်း နာကျင်ခဲ့ရပြီး ကျွန်တော်တို့ဝေးခဲ့ရတယ် မဟုတ်လား။

CACTUS....🌵[ completed ]Where stories live. Discover now