#Unicode
AT LA..."ကိုယ့်ရဲ့ မင်းသမီးလေး အင်တာဗျူးအတွက် အဆင်သင့်ဖြစ်နေပြီလား?"
နာဘီမိတ်ကပ်ပြင်နေသည့် အခန်းထဲသို့ ဝင်လာသော Louis ကြောင့် မိတ်ကပ်ဆရာမက အလိုက်တသိပင် ရှောင်ထွက်လို့သွားသည်။
နာဘီက အပြုံးလှလှကို ဖန်တီးလိုက်ပြီး. ."နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်....ဒီလိုကမ္ဘာ့အကောင်းဆုံး ထိပ်တန်းအကအဖွဲ့မှာ ရွေးချယ်ခံရဖို့က ကျွန်မ အိမ်မက်ဖြစ်ခဲ့တာလေ....အခု အိမ်မက်တွေ တကယ်ဖြစ်လာတော့ သေချာလုပ်နိုင်ပါ့မလားလို့ စိုးရိမ်နေမိတယ်..."
"မင်းက တော်ပြီးသားမို့ ဒီထက်မက အောင်မြင်မှာပါ....ကိုယ့် ကောင်မလေးက အရည်ချင်းရှိပြီးသားပဲလေ.....မင်း ဖြစ်ချင်တာ အကုန်လုပ် ကိုယ်က အပြည့်အဝ ထောက်ပံ့ပေးမှာ...."
နာဘီ လက်ကို ဆွဲယူ၍ Louis က လက်ဖမိုးပေါ် အနမ်းပေးလိုက်တော့ သူမက မခို့တရို့ပြုံးသည်။
"သူများတွေ မြင်ကုန်မယ်လေ.."
"မြင်ပါစေပေါ့...ကိုယ်တို့က ချစ်သူတွေပဲဟာ.."
ထိုစကားကိုကြားတော့ နာဘီမှာ ဂျွန့်ကို ပြေးမြင်မိသည်။
ဂျွန့်ကို ချစ်ပေမယ့် Louis ကိုလည်း သူမ မရှိမဖြစ်လိုအပ်သည်။
သူမ ထပ်သိလိုက်ရသည့် Louis ရဲ့သရုပ်အမှန်။
Louis က အခု သူမရွေးချယ်ခံရသည့် ဘဲလေးအကသင်တန်းကျောင်းပိုင်ရှင်၏ တစ်ဦးတည်းသောသားဖြစ်လို့နေ၏။
Louis ကိုသာသူမ အပီကပ်ထားနိုင်ရင် အခွင့်ရေးတွေ အများကြီး ဖြစ်လာမှာမို့ မကြိုက်သော်လည်း အောင့်ကာနမ်းနေရ၏။ထိုစဥ် နာဘီရဲ့ အားသွင်းထားသော ဖုန်းမှ မြည်သံ သဲ့သဲ့ထွက်လာ၏။
"ခနနော် Louis"
"ဟုတ်ပြီ အေးဆေးပြောနော်...ပြီးမှ တွေ့ကြမယ်.."
နာဘီ ပြုံးပြလိုက်တော့ Louis ကအသာတကြည်ပင် ထွက်သွားခဲ့သည်။
"ဟဲလို.."
"မင်းဖုန်းကို ဘာလို့ စက်ပိတ်ထားတာလဲ.....နာဘီ.."
ဖုန်းကိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ဂျွန့်ဆီက အပြစ်တင်သံသဲ့သဲ့က ဆီးကြိုသည်။
YOU ARE READING
CACTUS....🌵[ completed ]
Fanfictionကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK