မိုးလေဟာပြောင်းလဲလာသလို မိုးရာသီဖြစ်တာကြောင့်
အေးချမ်းမှုနဲ့ စိုစွတ်မှုကို ခံစားနေရသည်။မြေနံ့သင်းသင်းလေးက ရှူရိုက်လိုက်တိုင်း ရင်ထဲအေးမြစေသည်။ခုဆို သူမဒီနန်းတော်ရဲ့ မိဖုရားခေါင်ကြီးအဖြစ်တည်ရှိနေတာ 6နှစ်ရှိခဲ့ပြီ......သားတော်ကြီး ကင်ဆော့ဂျင်ဟာ12နှစ်အရွယ်ရှိပြီး ယခုဆိုလျှင် တတ်မြောက်သင့်သည့် အတတ်ပညာတို့ကို သင်ယူနေပြီဖြစ်သည်။ဒီနန်းတော်ထဲမှာရှိတဲ့ သူတွေအကုန်လုံးက သွေးစုတ်ဖုတ်ကောင်တွေဖြစ်ပြီး လူတွေလိုသာပုံစံနဲ့ နေထိုင်နေကြတာ.....မိဖုရားခေါင်ဆိုတဲ့ ပါဝါကြောင့်သာ ဘယ်သူမှ သူမနဲ့သားတော်ဆော့ဂျင်ကိုမထိပါးရဲ့....ကြားထဲက သွေးစုတ်ဖုတ်ကောင်နဲ့၀ံပုလွေရောနေတဲ့ သွေးနှောသားတော်လေး ကိုလဲ ဘယ်သူမှမထိရဲ.....သူလေးက6နှစ်အရွယ် ချစ်စရာကလေးလေးဖြစ်တဲ့ ကင်ထယ်ယောင်းမှာ သူ့ဖခမည်းတော်ရဲ့ အသည်းညှာပင်ဖြစ်သည်......ဟန်မျိုးရိုးကိုဆက်ခံရမှာဖြစ်ပင်မဲ့ ထိုသူသည် သူမရဲ့စကားအတိုင်းသားငယ်ကိုပါ ကင်မျိုးရိုးတပ်ခွင့်ပေးခဲ့သည်။ထိုကိစ္စတုန်းကဆိုလျှင် အမတ်တွေရဲ့ အပြစ်တင်သံတွေကြားခဲ့ရပင်မဲ့ ဟန်အွန်းဂျာဆိုသူက သူ့ရဲ့မိဘုရားနဲ့ သားတော်တွေကို ထိလျှင် ချက်ချင်းသတ်ပစ်လိုက်တာပင်......ဆော့ဂျင်လေးကိုတော့ သားအဖြစ်သတ်မှတ်မထားပင်မဲ့ မကောင်းတဲ့သူလဲမဟုတ်...."ဖားလေး တစ်တောင် နှစ်တောင်"
မိုးရာသီမို့ မင်းသားငယ်လေးရဲ့ နန်းဆောင်အရှေ့က ကန်ရေပြင်တွင် ဖားလေးများတန်းစီနေသည်ကို လက်ပိစိလေးတွေဖြင့် လိုက်ရေတွက်နေခြင်းပင်.....ထိုချိန် သူ့ရဲ့ဖင်အနောက်လေးကနေ အမြှီးသေးသေးလေးထွက်လာတော့ ဖားလေးတွေကလန့်ကာပြေးသည်....
"ဟိတ် ဟိတ် ပြေးနဲ့ယေ ဟာပြေးပါနဲ့ချို"
ဖားလေးတွေကခုန်စွ ခုန်စွပြေးတော့ သူပါမြေပေါ်လက်ထောက်ပြီး ခုန်စွခုန်စွဖြစ်နေတာ အမြှီးတစ်ယမ်းယမ်းနဲ့......
"သားတော်လေး မယ်တော့ဆီလာပါအုံး"
ထိုအခါ ဒီပုပုသေးသေးဖောင်းဖောင်းအစ်အစ်လေးက မတ်တပ်ရပ်ကာ လက်ကပေရေနေတဲ့ မြေမှုန်တွေကို ခါချကာ သူမဆီအပြေးလေးရောက်လာသည်။
YOU ARE READING
More Than Love::TK::{Completed}
Manusia Serigalaယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...