"ဒီလာမဲ့ နှစ်ကုန်မှာ လူတန်းစားမခွဲခြားဘဲ အရပ်သားတွေပါ တက်ရောက်နိုင်မဲ့ ပွဲတော်တစ်ခုကျင်းပမယ် ကြင်ယာတော်ရဲ့မွေ့နေ့အချိန်အခါလဲဖြစ်ပြီး နှစ်သစ်အခါတော်ကိုကြိုဆိုတဲ့အနေနဲ့ အကြီးကျယ်ဆုံး အမဲလိုက်ပွဲပါ ကျင်းပမယ်"
မင်းကြီးရဲ့ပြောကြားချက်ကြောင့် အမတ်တွေက သဘောတကျဖြစ်ကြသည်။
"စစ်မတ်ရေးရာအမတ်ကြီး စစ်သည်တွေအတွက် တရုတ်ကနေ လက်နက်တွေမှာယူထားတယ် ရောက်လာတာနဲ့ သင်ကြားပေးမို့ စီစဥ်ထားလိုက် ပြီးတော့အမတ်ကြီးကိုယ်တိုင်လဲ ငါကိုယ်တော်ရဲ့ကိုယ်ရံတော်နမ်ဂျွန်းဆီက သင်ယူလိုက်ပါ"
"အမိန့်တော်အတိုင်းပါမင်းကြီး"
"ယန်ချူးအရပ်က မရှိဆင်းရဲသားတွေအတွက် ဒီနေ့ဆန်ဆီဆား အကုန်သွားလှူမယ်"
ယနေ့ညီလာခံအချိန်သည် အရင်နေ့တွေထက် ပို၍ကြာမြင့်သည်။ထယ်ယောင်းလေးမှာ တစ်နေကုန်သူ့ကိုကိုနဲ့မတွေ့ရတာကြောင့် ကောက်တော်မူလေသည်။
♡
♡
♡ More Than Love🌸🍃
♡
♡"အကိုတော် ထယ့်ဆီလာတယ်"
"အကိုတော်ရဲ့ ငယ်လေးကမှ မလာတာ ဒီကအကိုတော်ကိုယ်တိုင်ဘဲလာရတော့တာပေါ့"
"ဟီး ထယ်က တန်တန်နဲ့ဆော့နေလို့ မအားတာပါ"
"ကြာပါတယ် ကြင်ယာတော်က မျောက်ရှုံးအောင်အဆော့မက်တယ်ဆိုပြီး"
"ဟာအကိုတော်နော်"
"ဟားဟားးး အကိုတော့အသဲအသက် သေးသေးလေးက ချစ်စရာလေးဗျာ"
"ဟီးးး ထယ်ကချစ်ဖို့ကောင်းလို့ ကိုကိုကော အကိုတော်ကောက အရမ်းချစ်တာမို့လား ခစ်ခစ်"
"ဒါပေါ့"
ဘုရင့်နန်းဆောင်အတွင်း ရီသံလေးတွေဖုံးလွှမ်းကာ နှစ်အများကြီးမတွေ့ရသည့်သူတွေလို အလွမ်းသယ်နေကြသည့် ညီအကိုနှစ်ယောက်"
♡
♡
♡More Than Love🌸🍃
♡
♡"ကိုကို ဘယ်သွားမို့လဲ"
ထယ်ယောင်းရဲ့ကိုကိုအရှင်မှာ နန်းဆောင်ဆီ နောက်ကျမှပြန်လာပြီး အရပ်သား၀တ်စုံ၀တ်နေတာကြောင့် အနားတွင်ရစ်နေခြင်းပင်။
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...