ထယ်ယောင်းလေး နိုးလာတော့ အခန်းကျဥ်းလေးတစ်ခုထဲတွင်ရောက်နေတာကြောင့် အခန်းတံခါးချပ်လေးကိုတွန်းကာ အပြင်ထွက်လာလိုက်သည်.....။ကိုကို့ကိုရှာနေသော်လဲမတွေ့တာကြောင့် အဆောက်အအုံကို လှည့်ပတ်ကြည့်တော့ ဘုရားကျောင်းဖြစ်မည့်ဟန် ဘုရားရုပ်ထုရှိပြီး အမွှေးတိုင်ထိုးစိုက်တဲ့ မြေစတွေပါတဲ့အိုးရယ် တစ်ချို့အရာတွေကပျက်စီးနေသည်.....။
ဘုရားကျောင်းထဲမှ အပြင်ထွက်လာတော့လဲတိတ်ဆိတ်လျက် ကိုကိုကသူ့ကိုထားသွားတာလားဆိုတဲ့စိတ်နဲ့အတူ ၀မ်းနည်းကာ ကျောင်း၀န်းထဲပြေးလွှားရှာတော့လဲမတွေ့.......
"တကယ်ထားသွားပြီထင်တယ်"
၀မ်းနည်းစိတ်ကြောင့်ဆို့တက်လာတဲ့ မျက်ရည်စတို့......
အဝါရောင် သစ်ရွက်လေးတွေကြားက အပြာရောင်၀တ်ရုံနဲ့ကောင်လေးသည် နတ်ဘုရား အသွင်ဆောင်သည်.....။လေတစ်ချက်ဝှေ့တိုက်လိုက်လျှင် ကျောရိုးထဲထိ အေးစိမ့်သွားသည်.....ဆောင်းဦးမို့ အရောင်ပြောင်းနေတဲ့ မေပယ်ရွက်တို့သည် ကြွေကျကာ မြေပြင်ပေါ်ခကြသည်....။ထယ်ယောင်းလေး ဝါထိန်နေသောသစ်ပင်အောက် စောင့်ကြောင့်ထိုင်ချကာ မျက်ရည်စတို့ကို စမ်းချောင်းသဖွယ် စီးဆင်းခွင့်ပေးလိုက်သည်။ထိုချိန် သူ့ခန္ဓာကိုယ်ပေါ် ရောက်လာသော ၀တ်ရုံလေးနဲ့အတူ နွေးထွေးသော ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရသည်....။မျက်နှာထက် အပြုံးတစ်ပွင့်ဆင်းမြန်းကာ မျက်လုံးတို့စုံမှိတ်ရင်း ဖက်တွယ်ထားလိုက်သည်....။ရင်ခွင်ထဲမှ နှာခေါင်းလေးတစ်ရှုတ်ရှုတ်လုပ်နေမိသည်....သူမှတ်မိတာပေါ့ အလွတ်ရနေတဲ့ကိုကိုရဲ့ ကိုယ်သင်းရနံ့လေးကို....."ယောင်း အေးနေတာကို ဘာလို့အပြင်ထွက်နေတာလဲ အထဲမှာစောင့်နေတာမဟုတ်ဘူး"
"ယောင်းကို ထားသွားပြီထင်လို့ဘယ်လောက်တောင် လန့်သွားရလဲ"
ကိုကိုကသူ့တင်ပါးလေးကို ကလေးချော့သလို ၂ချက်ပုတ်လိုက်တော့ ထွက်လာသော အမြီးရှည်.....'ဟွန့် ဒီအမြီးတွေရဲ့ပိုင်ရှင်က သူလားကိုကိုလားတောင်မသဲကွဲ'
YOU ARE READING
More Than Love::TK::{Completed}
Manusia Serigalaယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...