ထယ်ယောင်းလေး နန်းတော်ကို ပြန်ရောက်လာတော့ ညနေပင်စောင်းနေပြီဖြစ်သည်။ကိုကိုက အမတ်တွေနဲ့ညဘက်တွေ့ရန် ပြောထားသည်မို့ သွားတွေ့လေရဲ့.....သူ့ကိုတော့တစ်ယောက်ထဲထားခဲ့တယ်။
ထယ်ယောင်း ၀တ်ရုံအဖြူလေးကိုပြောင်း၀တ်ကာ အခန်းထဲတွင် ထိုင်မရထမရဖြစ်ပြီး လမ်းလျှောက်နေသည်မှာ အတော်ပင်ကြာနေပြီ။သူခုရောက်နေတာ ဘုရင့်နန်းဆောင်ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေသည်မှာအမှန်။ကိုကို့ကို ခမည်းတော်ကိုသတ်ခဲ့တဲ့ကိစ္စအတွက် အပြစ်မမြင်တော့ပါဘူး ဘာလို့လဲလို့မေးရင်တော့ ခမည်းတော်ကသူများပစ္စည်းတွေကိုမတရားလုယူထားလို့လေ သူကိုယ်တိုင်လဲ မယ်မယ့်အစားလက်စားချေချင်ခဲ့ပင်မဲ့ ကိုယ့်အဖေဆိုတဲ့အတွေးနဲ့ သူဘာမှမလုပ်ဖြစ်။ကိုယ့်ခမည်းတော်ကို ချစ်ရသူကသတ်တယ်ဆိုတဲ့ အမြင်နဲ့တစ်ခဏအတွင်း ကိုကို့ကိုစိတ်ဆိုးကာ စိတ်ထဲရှိသမျှတွေပြောခဲ့မိသည်။ကိုကိုကသူ့ကိုတစ်စက်လေးတောင် စိတ်မကွက်ဘဲ အနားကနေမခွာ ခမည်းတော်ကိုသတ်ရတဲ့အကြောင်းအရင်းကိုသိတော့ အားနာပြီးကိုကို့ကိုစကားတွေအများကြီးမပြောနိုင်။
နန်းတော်ထဲမှာ သူဘယ်လိုများရှေ့ဆက်ရမလဲ သူ့နားမှာကိုကိုရယ်အကိုတော်ရယ်ဂျီဂျီဘဲရှိတာ သူကကြင်ယာတော်ဖြစ်နေပြီ တော်ကြာအမတ်တွေကကိုကို့ကိုသွေးထိုးစကားတွေပြောရင် ဘယ်လိုလုပ်မလဲ.....ပြီးတော့ သူတို့သမီးတော်တွေနဲ့ လက်ဆက်ခိုင်းရင်ကော ကိုကိုကယူမှာလား သူကယောကျ်ားလေးတစ်ယောက်ဆိုတော့ မိန်းကလေးတွေလိုမှမဟုတ်တာ ကိုကိုကသူ့ကိုရိုးသွားပြီး ထားခဲ့ရင်ဘယ်လိုလုပ်မလဲ။အတွေးများနေစဥ် အနောက်ကနေသိုင်းဖက်ခံလိုက်ရပြီး နွေးထွေးတဲ့ ရင်အုပ်တွေကြားသူ့ခန္ဓာကိုယ်သေးသေးလေးက စုန်းစုန်းမြုပ်လို့.....။
"ကိုယ်၀င်လာတာတောင်မသိရတဲ့အထိ ဘာတွေအတွေးများနေတာလဲ ပြောပါအုံး ကိုယ့်ဝံပုလွေပေါက်လေးရဲ့"
"အသက်ရှုကြပ်လို့ဖယ်ပေးပါအုံး"
"ဘယ်လိုလုပ်မလဲ ကိုယ်ကမလွှတ်ချင်တော့ဘူး"
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...