"ဂျောင်ဂု ဒီလမ်းကမှန်ရဲ့လား"
"သံလိုင်အိမ်မြှောင်ကတော့ မလိမ်လောက်ပါဘူး"
သူတို့ တောင်အရပ်က လမ်းကိုရွေးချယ်ပြီး လျှောက်လာခဲ့တာတောင် တော်တော်ကြာနေပြီ ခုထိမရောက်သေးဘူး။
တစ်ဖြေးဖြေး လမ်းပေါက်ကကျဥ်းလာကာ တစ်ယောက်သာ၀င်ဆန့်သော လမ်းကျဥ်းလေးဖြစ်လာသည်။
"သတိထား ဂျောင်ဂုငါတို့နန်းတော်နဲ့ နီးလာပြီထင်တယ်"
"အင်း"
ယွန်းဂီရဲ့ သတိပေးစကားကို ခေါင်းငြိမ့်ကာပြန်ဖြေပြီး လက်ထဲကမီးတုတ်ကို ပို၍တင်းကျပ်စွာကိုင်ပြီး ရှေ့ဆက်လာခဲ့ကြသည်။မကြာ လမ်းပေါက်ကအဆုံးသတ်သွားပင်မဲ့ လှိုင်ဂူရဲ့ထွက်ပေါက်ကရှိမနေ။
"ငါတို့လမ်းမှားပြီး ရောက်လာပြီထင်တယ်"
"ပြန်လှည့်ထွက်မို့ကလဲ အေ၀းကြီးဘဲ ငါတို့တော်တော်ခရီးရောက်နေပြီကို"
"မတက်နိုင်ဘူး ပြန်လှည့်ရမှာပေါ့ ငါတို့မြန်မြန်ရောက်မှဖြစ်မှာ"
ပြန်လှည့်ထွက်ရန်လုပ်နေတဲ့နမ်ဂျွန်းနဲ့ ယွန်းဂီမှာ အနောက်မှာကျန်ခဲ့တဲ့ဂျောင်ဂုကို သတိထားမိပုံမပေါ်.....
"ငါတို့လမ်းမမှားဘူး"
"ဟမ်"
"ဟမ်"နှစ်ယောက်သားအနောက်လှည့်ကြည့်လိုက်တော့ ကျောက်သားနံရံတွေကို လက်ထဲကမီးတုတ်ဖြင့် သေချာကြည့်နေသော သူတို့ရဲ့စစ်မှန်တဲ့ဘုရင်။
"ဘာကိုပြောချင်တာလဲ"
အမြန်ဂျောင်ဂုနား ရောက်လာကာ သူတို့လဲကြည့်တော့
ကျောက်နံရံပေါ်မှာ ထွင်းထားတဲ့ ရုပ်ပြဂါထာမန္ထာန်းတွေ......"ဒါကဘာတွေလဲ"
"ဂါထာတွေလေ"
"ဒါကိုငါတို့ကဘာလုပ်ရမှာလဲ ဒီစာတွေမှငါတို့မဖတ်တတ်တာ"(ရှေးခေတ်အလွန်ကျတဲ့ ဗျည်းအက္ခရာတွေပါနော်)
ကျောက်သားပေါ်မှ ထွင်းထားသောစာသားများကိုလက်ဖြင့် ပွတ်သက်ကြည့်နေသော နမ်ဂျွန်း။
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...