"ဒါကဘာကြီးပါလိမ့်"
သော့ခလောက်ကိုကိုင်တုန်းထပ်မံထွက်လာသည့်အသံ
"ယောင်း"
အခန်းအပေါက်၀မှ အော်ခေါ်သံကြောင့်လန့်ကာ သော့ခလောက်ကိုပြစ်ချပြီး ကတ္တီပါအခင်းတို့ကို အမြန်ဖုံးကာ အပြင်ပြေးထွက်သွားသောကောင်လေး။ထိုကောင်လေးမသိလိုက်တာကတော့.........
ညဘက်ပြတင်းမှဖြာကျနေတဲ့ လရောင်သည် ထယ်ယောင်း၀င်တိုက်ခဲ့တဲ့ စာအုပ်စင်မှ အမှောင်ဘက်သို့ပြုတ်ကျသွားသော အညိုရောင်စာအုပ်လေးပေါ်သို့။
လရောင်ထိတွေ့လိုက်သော စာအုပ်အဖုံးလေးသည် အရောင်တို့လက်ကာ သော့ပုံစံလေးဖြင့် အရောင်တို့ထွက်လာပြီး ချက်ချင်းဆိုသလို မြေအောက်လှိုင်ဂူသော့မှာပွင့်သွားသည်။"ချောက်"
ဘယ်သူမှမသိအောင် ဒီလှိုင်ဂူရဲ့သော့ကို စာအုပ်ထဲ ကိုယ်တွင်းအစွမ်းတို့ဖြင့် ထည့်သွင်းဖွက်ထားခြင်းပင်။
လရောင်ဖြင့်သာပွင့်သော ဒီသော့သည် ဘယ်လိုအကြောင်းများရှိသလဲဆိုတာတော့ ထယ်ယောင်းမယ်တော်မှလွဲ၍ မည်သူမှမသိနိုင်။♡
♡
♡More Than Love🌸🍃
♡
♡"ဟန်လူကြီး ဘယ်လိုလုပ်ရောက်လာတာလဲ"
"မိုးချုပ်နေပြီ ယောင်း အိပ်ဆောင်၀င်ရမယ်"
အော် မယ်မယ့်အခန်းထဲမှာရှိနေတာ တော်တော်ကြာသွားတာဘဲ။ဒီနေ့ကလပြည့်ညလား......မိုးပေါ်က လုံး၀န်းနေတဲ့လသည် ဖြူစင်မှုအတိဖြစ်နေပင်မဲ့ သူတို့နန်းတော်မှာတော့ သွေးတွေဖုံးလွှမ်းနေမှာကို စဥ်းစားမိတော့ သူတို့ဖြစ်တည်မှုကိုရွံရှာမိတယ်...... ဒီလိုယုတ်မာတဲ့သူတွေရဲ့မျိုးနွယ်ဖြစ်ရတာကိုလဲ ရှက်ရွံမိသလို အကိုတော်နဲ့ မိခင်ချင်းတူပြီး ခမည်းတော်မတူတဲ့ ညီနောင်မှန်းသိရတော့ ပို၍၀မ်းနည်းမိသည်။
"ဒီနေ့ကြယ်တွေအများကြီး ရှိနေတာဘဲ"
ပြုံးရယ်ကာ ကြယ်လိုတောက်ပသောမျက်၀န်းတို့ဖြင့် ပြောနေသော ကလေးငယ်သည် လရောင်အောက်တွင် အလွန်ကျက်သရေရှိလှသော ၀ံပုလွေဖြူပင်။
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...