"ထယ်ထယ်"
နှင်းတွေကြားကနေ လမ်းလျှောက်လာတဲ့ သူ့ကိုဂျီမင်းကပြေးဖတ်သည်။
"ထယ်ထယ်လေး ဘာလို့ငိုနေတာလဲ"
"ဟင် မငိုပါဘူး"
မျက်တောင်လွှာကို ပုပ်ခတ်ပုတ်ခပ်လုပ်ပြီး မျက်နှာကိုလက်ချောင်းသွယ်သွယ်လေးတွေနဲ့ ပွတ်သပ်လိုက်သည်။
"ဟုပါပြီ မငိုပါဘူး မငိုပါဘူး လာဒီမှာထိုင်ရအောင်"
လက်ကိုဆွဲပြီး ဘုရင့်နားနေဆောင်ပေါ်သို့ခေါ်သွားသည်။ဘုရင့်နားနေဆောင်ဆိုသည့်အတိုင်း ရှေ့မြင်ကွင်းတွင် ရေကန်ပြင်အကျယ်ကြီးရှိသလို ပန်းပေါင်းစုံလဲရှိသည်။ကန်ရေပြင်ပေါ် လ၏ပုံရိပ်ယောင်သည် ထင်ဟပ်လျက် လေတိုက်လိုက်တိုင်း ရေတွေနဲ့အတူလပုံရိပ်ဟာလဲမတည်ငြိမ်စွာ လှုပ်ရှားလျက်......
"ထယ်ထယ် ဒီနှစ်ရဲ့ပထမဆုံးနှင်းကျတာကို ဘာလို့အကိုတော်နဲ့မကြည့်တာလဲ"
ထယ်ယောင်း မျက်စိရှေ့ကကန်ရေပြင်ကိုသာ ငြိမ်သက်စွာကြဘ့်နေမိသည်။၀တ်ရုံကိုလဲ လက်လေးဖြင့်တင်းကြပ်စွာစုပ်ကိုင်ထားမိသည်။
"မဖြေချင်လဲမဖြေပါနဲ့ ငါမင်းတို့ကိစ္စတွေကိုကြားပါတယ် အကိုတော်ကိုစိတ်မဆိုးပါနဲ့နော်"
စိတ်မဆိုးပါနဲ့နော်တဲ့ စိတ်မဆိုးပါဘူး မဖြစ်သင့်တာမဖြစ်အောင်ငါကရပ်တန့်လိုက်တာဘဲရှိတယ်။
"ထယ်ထယ် မင်း၀မ်းနည်နေမှာဘဲ လာပါအုံးငါ့ကလေးလေး"
"ဘာကိုကလေးလဲ ထယ်ကဂျီဂျီရဲ့ကလေးမဟုတ်ဘူးနော်"
"အိုက်ဂူး နှုတ်ခမ်းကြီးက ငါ့မျက်နှာလဲလာထိုးတော့မှာဘဲ ပြပါအုံး မတွေ့ရတာကြာတဲ့ ဒီမျက်နှာလေးကို"
သူ့မျက်နှာလေးကို လက်လေးနဲ့ကိုင်ကာ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ဂျီမင်း......
"နှာသီးလေးတွေကနီရဲနေတာဘဲ နွေးနွေးထွေးထွေးနေ ရမယ် အဲ့တာမှအအေးမမိမှာ"
"ဂျီဂျီမင်းကငါ့အပေါ်အကောင်းဆုံးဘဲ"ဆိုကာ ဂျီမင်းကိုဖက်တွယ်ထားမိသည်။ထယ်လေကိုကို့ရင်ခွင်ထဲမှာလဲ အချိန်အကြာကြီးနေချင်သေးတယ်.....
YOU ARE READING
More Than Love::TK::{Completed}
Hombres Loboယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...