Episode♡11⚠️⚠️

9.6K 723 41
                                    

"ဂျီဂျီ ဒီ​နေ့မင်း​မွေး​နေ့ဆို"

ဂျီမင်းတို့အခန်းထဲထိ သွားကာ ​မေးမြန်း​နေခြင်းပင်.....

"အင်း ဟုတ်တယ်​လေ ငါ့အသက် ၂၀ပြည့်ပြီ ဟီးးး"

"ဝါးး မင်းငါ့ထက်နဲနဲဘဲကြီးတာ​ပေါ့ ခစ်ခစ်"

အ​ရှေ့က ထယ်ထယ်က အံ့သြ​နေဟန် ချစ်စရာ​လေး....

"ဂျီဂျီ ငါတို့ အပြင်သွားကြမလား"

"​အေးသွားမယ်​လေ ငါလဲမြို့​ထဲက ဆန်မုန့်စားချင်​နေတာကြာပြီ"

သူတို့ဒီမာဟန်းဆိုတဲ့ မြို့​လေးမှာ ​သောင်တင်​နေတာ ၁ပတ်ပြည့်​တော့မည် .......။ထယ်​ယောင်းက သူ့လက်ကိုဆွဲကာ အပြင်ကို​ခေါ်ထုတ်သွားသည်....။အကို​တော်တို့ကို အသိမ​ပေးဘဲထွက်လာတာမို့ ဂျီမင်း​လေး ​ခေါင်းမီး​တောက်​နေ​လေပြီ.......

"ထယ်ထယ် အကို​တော်တို့ သိရင် မလွယ်ဘူး​နော်"

"မသိပါဘူး ခဏဘဲထွက်လာတာကို လာလာအဲ့တာ​တွေမ​တွေးနဲ့​တော့ ငါတို့ဂျီဂယ်​သောက်ကြမလား"

"အွန်း"

ထယ်​ယောင်း​ခေါ်တဲ့ ဆိုင်​လေးက လမ်း​ဘေးအမိုးအကာ​လေးဘဲရှိတဲ့ဆိုင်​လေး......လူလတ်တန်းစားနဲ့ လူဆင်းရဲ​တွေ ၀င်ထွက်စား​သောက်​နေ​သော ဆိုင်ထဲဝင်ပြီးကာမှ ထယ်​ယောင်းမျက်နှာသည် မအီမလည်နှင့်

"ထယ်ထယ် ငါတို့ ပြန်ထွက်ကြမလား"

"​ရောက်လာမှ​တော့ မထွက်​တော့ဘူး"

"ဒီက သခင်​လေးတို့ ဘာသုံး​ဆောင်မလဲဗျ"

သူတို့ပုံစံက အိမ်​တော်တစ်ခုရဲ့ သခင်​လေးပုံစံ​တွေဖြစ်​နေတာ​ကြောင့် ​ကောင်ငယ်​လေးကထို့သို့​ခေါ်ခြင်းဖြစ်မည်။

"ဆန်မုန့် ၄ခုနဲ့ ဂျီဂယ် ၂ခွက်​ပေးပါ"

လက်​လေးတစ်​ထောင်​ထောင်နဲ့ ​ပြော​နေ​သော ထယ်​ယောင်း​လေးကို ​ဘေးကလူ​တွေကဝါးစားမတတ်ကြည့်​နေကြသည်ကို သူတို့သတိမထားမိကြ......

"ငါနန်း​တော်ထဲမှာ​နေတုန်းက​လေ ဒီလိုမစားရဘူး"

"မင်းပျင်း​နေမှာဘဲ"

More  Than  Love::TK::{Completed}Where stories live. Discover now