"ထယ် လက်တွဲဖော် လုံး၀မတွေ့နိုင်ဘူးနော်"
ထယ်ယောင်းငယ်ရဲ့နန်းဆောင်မှဥယျာဥ်ငယ်လေးတွင်း
အကိုတော်ဆော့ဂျင်ကို မျက်နှာလေးဆူပုတ်စွား လက်တွဲဖော်မတွေ့ခြင်ကြောင်းပြောနေခြင်းပင်......"ငယ်လေးက မကြာခင် သက်တော်၂၀ပြည့်တော့မယ်လေ"
"ဟင့်အင်း ထယ်မတွေ့နိုင်ဘူး"
"ငယ်လေး မတွေ့လို့မရဘူး ငယ်လေးခုချိန်မှာငြင်းလိုက်ရင် ဘာဖြစ်လာမယ်ဆိုတာသိတယ်မှတ်လား"
သူလဲညီငယ်ကို မလွှတ်ချင်ပါ ချစ်လို့တောင်မ၀သေးတဲ့ ဒီပေါက်စလေးကို ဘယ်လိုလုပ် အခြားသူလက်ထဲအပ်ချင်ပါ့မလဲ.....ဘုရင်းအမိန့်ဆိုတော့ ငြင်းဆန်ဖို့မဖြစ်နိုင်
"ထယ့်မှာ ကိုကိုရှိပြီးသား ထယ့်လက်တွဲဖော်ကကိုကိုဘဲ"
"ငယ်လေး!!!!အဲ့လူသားနဲ့ မပတ်သက်ရဘူးလို့ ပြောထားတယ်လေ အဲ့ကိုကိုမှမဟုတ်ဘူး ဘယ်လူသားနဲ့မှ မပတ်သက်နဲ့"
ပြောပြီး ထွက်သွားသော အကိုတော်ကို သူဒေါသထွက်မိသည်....။ကိုကိုက လူသားဖြစ်နေတာအမှားမှမဟုတ်တာ အချစ်မှာ လူသားတွေမိစ္ဆာတွေခွဲထားတာကိုက တစ်လွဲတွေဖြစ်နေတာ.....ခုလဲလက်ထက်ပေးမဲ့ လက်တွဲဖော်က မိန်းမပျိုမဟုတ် သူတို့လို မိစ္ဆာနွယ်၀င်က ယောကျ်ားတစ်ယောက်နဲ့.....
"ဟွန့် ဘယ်ဘ၀ရောက်ရောက် ကိုကိုနဲ့ဘဲလက်ထက်မှာ"
♡
♡
♡More Than Love
♡
♡"မင်းကြီးကိုဂါရ၀ပြုပါတယ်"
နန်းရင်ပြင်ကျယ်တွင်း မင်းကြီးကိုနှုတ်ဆက်ဂါရ၀ပြုနေကြသော လုကိုယ်စားလှယ်တို့....
"ပြန်ကြတော့မယ်ဆိုတော့ ဒီမင်းကြီးပျင်းနေရတော့မှာဘဲ"
"ကျွန်တော်မျိုးတို့ နောက်လဲ လာလည်ပါ့မယ်"
"ဟားဟားးး မောင်မင်းကြောင့် တရုတ်ပြည်နဲ့ ချစ်ကြည်ရေးအပြည့်အ၀ရတာမို့ ပြန်ခါနီး ကိုယ်တော်တို့ နိုင်ငံကထွက်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်အချို့ လက်ဆောင်အနေနဲ့ ထည့်ပေးလိုက်ပါ့မယ်"
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...