"ဂျောင်ဂု ဦးရီးတော်ရဲ့မိတ်ဆွေဆီ မနက်ဖန် သွားဖို့ပြင်ထား"
"ဘာလို့သွားရမှာလဲ မသွားပါဘူး"
"မရှည်နဲ့ နမ်ဂျွန်းတို့ ယွန်းဂီတို့မိဘတွေနဲ့လဲ ဆွေးနွေးပြီးကြပြီ အတူတူ ပညာသင်လွှတ်မှာမို့ မသွားလို့မရဘူး ဂျီမင်းလေးကိုပါ သွားခိုင်းမှာ"
"ဟာ ဦးရီးထော်နော် ဂျီဂျီတွားချင်ပါပူး"
"မရဘူး ၂ယောက်လုံး မနက်ဖန် မနက်နေမထွက်ခင် သွားဖို့ပြင်ထား ဦးရီးတော်ရဲ့မိတ်ဆွေက မင်းတို့ကို ခေါ်ဖို့ လာနေကြပြီ"
"ကျွန်တော်မသွားဘူး"
"ဘာလို့လဲ ဟိုကလေးကြောင့်လား"
"ဂျီဂျီလဲ တွားဝူးးး ထယ်ထယ့်တိုပါ ထော်ရို့ရရင်ဒေါ့ တွားမယ်"
"အဲ့ကလေးနဲ့ပတ်သက်ဖို့ တစ်ယောက်မှမစဥ်းစားနဲ့ ဦးရီးတော်က သွားဆိုသွားပေါ့ မင်းတို့တွေငါ့ကိုဘယ်တုန်းက အာခံရဲသွားကြတာလဲ!!!!"
"ဟင့် ဂျီဂျီမှမတွားချင်တာတို"
ဂျီမင်းလေးကငိုတော့ ဦးရီးတော် ဟိုဆော့ကချော့ရပြန်ကော စိတ်ကောက်ရင်တော်ရုံနဲ့မပြေတတ်တဲ့ ဂျီဂျီလေးက အော်ငိုနေတာ မောသွားမှ တိတ်သွားပြီး တစ်ချိုးထဲအိပ်ပျော်သွားတယ်.......
"ဂျောင်ဂု မင်းအဲ့ကလေးကို လိုချင်တယ်ဆို မင်းမှာသူတို့ထက်သာတဲ့ အင်အားရှိမှဖြစ်မှာ ဦးရီးတော်ပြောတာနားလည်မယ်လို့ထင်တယ် ပြီးတော့ မင်းမမေ့နဲ့ မင်းမိဘတွေအကြောင်းကို"
ပြောပြီး အပြင်ထွက်သွားတဲ့ ဦးရီးတော်ကိုကြည့်ပြီး တစ်ငူငူတစ်ငိုင်ငိုင်နဲ့ ကျန်ခဲ့တာက ဂျောင်ဂုပင်.....သူ့မိဘတွေသေဆုံးတော့ သူက၄နှစ်သားသာရှိသေးပြီး ခမည်းတော်နဲ့ မယ်တော်က ဂျီမင်းနဲ့သူ့ကို ဦးရီးတော်ဆီထားခဲ့ပြီး လွတ်မြောက်နိုင်သော မြေအောက်လမ်းမှ ဂျိုဆွန်းရဲ့ အလှဆုံးဖြစ်သည့် ချောင်းအွန်းမြစ်ကမ်းဘေးက ဂူပေါက်ဆီ ထွက်ပြေးခိုင်းသည်....။ဂျိုဆွန်းနန်းတော်အောက်တွင် မြေအောက်လမ်းဖောက်ထားပြီး ထိုချောင်းအွန်းဂူကြီးနှင့် ဆက်နွယ်ထားတာကို မည်သူမှမသိကြ......ဦးရီးတော်က သူတို့နှစ်ယောက်ကို ခေါ်လာပြီး ပြုစုပျိုးထောင်ပေးသည် မိဘတွေရဲ့ သေဆုံးမှုနဲ့ သူတို့ကဘုရင့်သားတော်တွေဖြစ်ကြောင်းလဲ အကြီးဖြစ်တဲ့ဂျောင်ဂုကို ပြောပြထား၍ အကုန်သိသည်.....။
YOU ARE READING
More Than Love::TK::{Completed}
Hombres Loboယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...