အချိန်ဆိုတာရေတံခွန်ကစီးဆင်းနေတဲ့ ရေလိုဘဲ မြန်ဆန်စွာလည်ပတ်နေသည်....။သူတို့လျင်မြန်စွာ သွေးစုတ်ကောင်တွေကို သတ်နိုင်လိုက်ပင်မဲ့ တစ်ချို့ကတော့ထွက်ပြေးကုန်လို့ဖမ်းမမိတော့။သူမသာ ကိုယ်မသာနဲ့တိုက်ခိုက်နေတဲ့အခြေအနေမှာ ဦးရီးတော်ဟိုဆော့ရဲ့ အကူအညီကြောင့် တိုင်းသူပြည်သားတွေကအစ အသက်ကိုစတေးပြီး ၀င်ရောက်တိုက်ခိုက်ခဲ့လို့ လျင်မြန်စွာ အပြီးသတ်နိုင်ခဲ့သည်။
ခုတော့ဂျိုဆွန်းရဲ့ ရှင်ဘုရင်ကဘယ်သူဖြစ်လာမယ်ဆိုတာကို တိုင်းသူပြည်သားတွေက သိချင်နေကြပြီဖြစ်သည်။ဘုရင်အလောင်းအလျာကတော့ ရင်မအေးနိုင်......သူ့ရဲ့အနာဂတ်ကြင်ယာတော်က မေ့မျောနေတာ ၄ရက်ကျော်နေပြီဖြစ်သည်။ယောင်းရဲ့ဘေးတွင် တင်ပလွဲ၀င်ထိုင်ကာ နှဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တို့ကိုသတ်တင်ပေးပြီး နူးညံ့လွန်းတဲ့ကြွေရုပ်လေးကို မျက်တောင်မခက်ဘဲကြည့်နေမိသည်။ယောင်းနိုးလာရင် ကိုကို့ကိုမုန်းတယ်လို့ ပြောနေတော့မှာကို သူသိသည်။သူစိတ်မဆိုးပါဘူး ကလေးငယ်သူ့အပေါ်ဘယ်လိုဘဲပြုမူပြုမူနဲနဲလေးတောင်စိတ်မကွက်ဘူး သူ့ယောင်းပေါက်လေးက ဘာမှမသိသေးတာမို့ ခဏတော့စိတ်ကောက်နေမှာပေါ့။
"ဂျောင်ဂု မဟုတ်ဘူး မင်းကြီး"
"ရှူး ယောင်းအိပ်နေတယ်"
ယောင်းဘေးကနေ ဖြေးဖြေးလေးထလာကာ နမ်ဂျွန်းအနားသို့ လျှောက်လာပြီး စာပွဲခုံအသေးလေးတွင် ၀င်ထိုင်ရင်းစကားဆိုကြသည်။
"မင်း-"
"အဲ့လိုမခေါ်နဲ့ ဂျောင်ဂုလို့ဘဲခေါ်"
"ရှီလာမြို့စားနဲ့သူ့လက်အောက်ကလူတစ်ချို့ အင်ဝွန်းဆန်းတောင်ထဲ၀င်ပြေးသွားကြတယ်"
"အွန်း သူတို့တစ်ချိန်ချိန်တော့ဒီကိုပြန်လာမှာဘဲ"
"ဘာဘဲဖြစ်ဖြစ် အမြန်ဆုံးနန်းတက်တာကကောင်းမယ်"
နမ်ဂျွန်းကဒီလိုပြောတော့ ယောင်းငယ်ရှိတဲ့ ကုတင်ဆီအကြည့်ပို့ပြီး စိတ်မကောင်းသော မျက်၀န်းတို့ဖြင့် ခေါင်းအောက်စိုက်သွားတဲ့ ဂျောင်ဂု။
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...