"အတိုတော်ဂုဂုရေ"
ညက ဘေးအိမ်မှာသွားအိပ်ပြီး မနက်ခင်းစောစော ဂျီလုံးလေး အိမ်ပြန်လာတော့ ဦးရီးတော်ကလဲမရှိ အစေခံတွေကိုလဲခွင့်ပေးထားတာကြောင့် အိမ်တော်က တိတ်ဆိတ်လျက်.......အကိုတော်တော့ရှိမှာပါ ဆိုပြီး အခန်းတံခါးဆွဲဖွင့်လိုက်တော့ သူ့မျက်လုံးတွေကိုပြန်ပွတ်သပ်ကာ ကြည့်ရသည် အထိပင်.....အတိုတော်က ဂျီဂျီ့အရွယ်ကလေးလေးကို ဖက်ထားပြီး အိပ်နေတာ.....
အကိုတော်က သူ့ကိုကျအဲ့လိုဖက်မအိပ်ဘူး တစ်ခြားကလေးကျဖက်အိပ်တယ်ဆိုသည့် အတွေးဖြင့် အကိုတော်ဖြစ်သူကို ကျော်ခွကာ ထိုဆံပင်ရှည်ရှည် ကောင်ငယ်လေးရဲ့ ကျောပေါ်က အကိုတော်ဂုဂုရဲ့ လက်တွေကို သူ့လက်ပုပုလေးတွေဖြင့် ဖွဖွလေးဖယ်ကာ ဟိုသူစိမ်းကောင်လေးအား ထုရိုက်ပါတော့သည်......
"အင့်.....နာဒယ်.....အီးဟီး"
ဖင်ဘူးထောင်း ထောင်ကာ ထလာပြီးငိုနေသော ကောင်ငယ်လေးကို ဂျီဂျီလေးတို့မှာ ထုရိုက်လို့လဲမပြတ်.....
"နာ့အတိုတော်နား ဘာရို့၀င်အိပ်နေဒါယဲ တဲဟာ တဲဟာ"
ဂျီဂျီကထုတော့ အစွာလေးကလဲ သူ့လက်သီးစုပ်လေးနဲ့ ပြန်ထုသည်......နှစ်ယောက်သား ထုရိုက်နေသော အသံများကြောင့် ဂျောင်ဂုနိုးလာတော့ သူ့ညီတော်နဲ့ယောင်းပေါက်လေးက ဆံပင်တွေဆွဲပြီးရိုက်နှက်နေကြတာ.....
"ဂျီဂျီတော်တော့"
"တော်ဘူး အတိုတော်ရင်ခွင်တဲ ဝင်အိပ်နေဒါတို"
"ဂျီဂျီ အကိုတော်က သူများသားသမီးကို ရိုက်ဖို့သင်ပေးထားလား"
ထိုအခါ ရိုက်ပုတ်နေရာမှ ရပ်တန့်သွားသော ဂျီမင်းလေး.....
"အတိုတော် ဂျီဂျီမှားပါတယ် ဂျီဂျီကိုကျ အတိုတော်က သူ့ရိုတောင်တူတူအိပ်ဒွင့်မပေးဘဲ သူစိမ်းတောင်နဲ့ တူတူအိပ်နေဒါကို"
"ကဲအခု အခန်းပြင်မှာ စောင့်နေ အကိုတော်ခဏနေထွက်လာမယ်"
"ဟုတ်"
ဂျီဂျီအပြင်ထွက်သွားတော့မှ ယောင်းပေါက်ကိုရှာတော့ တွေ့ပါပြီ အ၀တ်သေတ္တာဘေးလေးမှာ ဒူးထောင်ပြီး ငိုနေတာ ဆံပင်ရှည်လေးတွေကလဲရှုပ်ပွလို့
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...