ဇာတ်လမ်းပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဥ်သက်သက်သာဖြစ်တာကြောင့် အမှားပါခဲ့လျှင် စာရေးသူရဲ့အမှားအယွင်းသာဖြစ်သည်။
More Than Love
War of Vampire and Werewolf......
ဂျိုဆွန်းခေတ် ဂျွန်မင်းကြီး အုပ်ချုပ်သောအချိန်တွင် တိုင်းပြည်သည် စည်ပင်၀ဖြိုးပြီး လူတန်းစိပင် ငွေကိုရေလိုသုံးနိုင်ခဲ့ကြသည်.......ဂျိုဆွန်းပြည့်ရှင် မင်းကြီးသည် ဂိုဂူလျောတိုင်းပြည်ကိုပါ သိမ်းပိုက်ထားသောကြောင့် ဟန်းဂုတွင် အင်အားအကြီးဆုံး ပြည့်ရှင်ထောင်ဖြစ်လာခဲ့သည်.....။ ကျန်ရှိနေသော ဘတ်ဂျယ်တိုင်းပြည်နှင့် ရှိလာတိုင်းပြည်ကိုတော့ လုံး၀မထိခဲ့ပါ......ထိုတိုင်းပြည်တွေသို့ ရောက်သွားသော မည်သည့် တိုင်းသူပြည်သားမဆို အသက်ရှင်၍ ပြန်လာနိုင်သည့်အခွင့်အလမ်းပင်မရှိ.....။ထို့ကြောင့် ဂျွန်မင်းကြီးသည် ထိုတိုင်းပြည်တွင်းသို့ သွားလာခွင့်တွေကိုပါ ပိတ်ပင်ထားခဲ့သည်။
ဂျွန်မင်းကြီး အုပ်မချုပ်ခင် ဘိုးဘေးတွေလက်ထက်ကတည်းက ဘတ်ဂျယ်နဲ့ရှီလာတိုင်းပြည်မှ ဘုရင်များဖြင့် ဘယ်လိုမှငြိမ်းချမ်းရေးယူရန် ညှိနှိုင်း၍ မရခဲ့ပေ.....။
ဒီကမ္ဘာမြေကြီးမှာ ကျွန်တော်တို့တွေမွေးဖွားမလာခင်ကတည်းက သွေးစုတ်ဖုတ်ကောင်များနှင့် ၀ံပုလွေမျိုးနွယ်စုများရှိကြသည်။ ထိုမျိုးနွယ်နှစ်ခုကလဲ တစ်ခါမှ မတည့်စွာ တွေ့လျှင် ကိုက်ဖြတ်နေကြသည်.....။ဘတ်ဂျယ်တိုင်းပြည်တွင် သွေးစုတ်ဖုတ်ကောင်များ နေထိုင်ကြပြီးယခုချိန်တွင် ဟန်အွန်းဂျာအမည်ရှိသည့် မင်းကြီးကအုပ်ချုပ်သည်။ ရှီလာတိုင်းပြည်တွင် ၀ံပုလွေမျိုးနွယ်စုများနေထိုင်ကျက်စားကြပြီး ကင်ယောင်းဟွာအမည်ရှိသည့် မင်းကြီးအုပ်ချုပ်သည်....။ထိုသတ္တဝါတို့သည်လည်း လူပုံအသွင်ဖြင့်သာ နေ့စဥ်သွားလာလှုပ်ရှားကြပြီး တိုက်ပွဲအချိန်ကျရောက်မှသာ မူလပုံစံအသွင်သို့ ပြောင်းလဲတိုက်ခိုက်ကြသည်.....။ဂျိုဆွန်းတိုင်းပြည်နှင့် ဂိုဂူလျောတိုင်းပြည်တွင်တော့ လူသားမျိုးနွယ်များသာနေထိုင်ကြသည်.......လူသားတို့သည် ထိုအန္တရာယ်ကြီးသော မျိုးနွယ်စုတို့ကို မထိပါးရဲကြပေ......လူသားတို့တွင် တိုက်ခိုက်ရန် ဓါးတွေမြှားတွေသာရှိပြီး ထိုအမျိုးနွယ်တွေတွင်တော့ ချွန်ထက်သော အစွယ်များဖြင့် အလွန်မှ ကြောက်ဖို့ကောင်းလှပါသည်။
▪︎
▪︎
▪︎
▪︎
▪︎
▪︎
ရှီလာတိုင်းပြည်
YOU ARE READING
More Than Love::TK::{Completed}
Loup-garouယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...